Trending Now

စင်ကာပူအဖွဲ့အစည်းတစ်ခုက မြန်မာအိမ်အကူ အမျိုးသမီး လုပ်သားတွေအတွက် သင်ကြားရေးစင်တာဖွင့်လှစ်ဖို့ စီစဉ်

Spread the love

စင်ကာပူအဖွဲ့အစည်းတစ်ခုက မြန်မာအိမ်အကူ အမျိုးသမီး လုပ်သားတွေအတွက် သင်ကြားရေးစင်တာဖွင့်လှစ်ဖို့ စီစဉ်
EPN
နိုင်ငံတကာ၊ မေ ၆
စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ငန်း လုပ်လိုတဲ့ အမျိုးသမီးတွေအတွက် ကျွမ်းကျင်မှုရှိစေအောင် မြန်မာနိုင်ငံ မှာ လေ့ကျင့်သင်ကြားရေး စင်တာ ဖွင့်လှစ်နိုင်ဖို့ စင်ကာပူအဖွဲ့အစည်းတစ်ခုနဲ့ မြန်မာအစိုးရကြား ဆွေးနွေးနေတယ် လို့ Straits tims သတင်းစာကဆိုပါတယ်။
စင်ကာပူအခြေစိုက်နိုင်ငံခြားအလုပ်သမားများကို လေ့ကျင့်သင်ကြားရေးနဲ့ ကူညီထောက်ပံံ့ရေး အဖွဲ့အစည်း Fast ဟာ မြန်မာအမျိုးသမီးးတွေကို လေ့ကျင့်ကူညီပေးမယ့် သင်တန်းဆရာတွေကို စေလွှတ်သွားမှာ ဖြစ်ကြောင်း Fast အဖွဲ့ ဥက္ကဌက ပြောပါတယ်။
မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ စင်ကာပူနိုင်ငံဆီ မြန်မာအမျိုးသမီးအိမ်အကူလုပ်သားများ စေလွှတ်မှု ပိတ်ပင်ထားတာကို ဖြေလျှော့ပေးခဲ့ပါတယ်။ မြန်မာအစိုးရဟာ စင်ကာပူ၊ မာကာအို၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ဆီ အိမ်အကူလုပ်သား စေလွှတ်တာကို ၂၀၁၄ခုနှစ်က စတင်ပိတ်ပင်ခဲ့ပါတယ်။ ပိတ်ပင်ထားပေမယ့်လည်း မြန်မာအမျိုးသမီးတွေဟာ အိမ်အကူလုပ်ငန်း လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံတွေဆီ သွားရောက်နေဆဲဖြစ်ကြောင်း Fast အဖွဲ့ ဥက္ကဌက ပြောပါတယ်။ 
စင်ကာပူနိုင်ငံမှာ မြန်မာအမျိုးသမီးအိမ်အကူလုပ်သား စုစုပေါင်း ၅သောင်းကျော် ရှိနေကြောင်း အဲ့ဒီပမာဏဟာ စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ငန်း လုပ်နေတဲ့ ပြည်ပ အမျိုးသမီး အိမ်အကူလုပ်သားတွေထဲမှာ တတိယအများဆုံးဖြစ်ကြောင်း Fast အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
———————————————————–

EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။