Trending Now

မိုးညှင်းဆေးရုံ သားဖွားဆောင် အိမ်သာပေါ်တွင် ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးလျှက်တွေ့ရှိ

Spread the love

မိုးညှင်းဆေးရုံ သားဖွားဆောင် အိမ်သာပေါ်တွင် ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးလျှက်တွေ့ရှိ 

EPN
မိုးညှင်း၊ ဇွန် ၁၁

ဇွန်လ ၁၀ ရက်နေ့ ညနေ ၆နာရီခန့်တွင် မိုးညှင်းခရိုင်ဆေးရုံ၊ သားဖွားဆောင် အိမ်သာပေါ်တွင် ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ညနေ (၆)နာရီအချိန်ခန့်က ချက်ကြိုးတန်းလန်းဖြင့် အသက်မပါရှိသော မွေးကင်းစကလေးငယ် တစ်ဦး အမြင့်ပေါ်မှ စွန့်ပစ်ထားသည်ကို တွေ့ရှိ ကြောင်း ဆေးရုံတာဝန်ရှိသူမှ အသိပေးအကြောင်းကြားလာကြောင်း နတ်ကြီးရပ်ကွက် ရာအိမ်မှူးထံမှ သိရသည်။

“ကျနော်သွားတော့ မွေးကင်းစကလေး ချက်ကြိုး တန်းလန်းနဲ့ အသက်မပါရှိ သေဆုံးလျှက် အနေအထားနဲ့ သားဖွားဆောင်ရဲ့နဘေး ဓာတ်မှန်ခန်းရှေ့မှ မှောက်ခုံ တစ်ဖက်စောင်း အနေအထားနဲ့ ပါးတဖက်မှာ ပွန်းပဲ့ရာရရှိ တွေ့ခဲ့ပါတယ်။ ဘယ်သူက စွန့်ပြစ်သလဲ ဆိုတဲ့အဖြေရဖို့ မိုးညှင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်” နတ်ကြီးကုန်းရပ်ကွက် ရာအိမ်မှူးကပြောသည်။

အဆိုပါ ကလေးငယ်အားစွန့်ပစ်သူဟု ယူဆရသူမှာ မ×××၊ အသက်(၁၇)နှစ် တက္ကသိုလ်ဝင်တန်းကျရှုံး၊ (ဘ) ဦး×××၊ မော်ဟန်နတ်ကြီးကုန်းရပ်ကွက် နေသူသည် မိုးညှင်းဆေးရုံကြီးတွင် အဘောရှင်းလူနာအနေဖြင့် ဆေးကုသမူ့ခံယူနေသည့် အတွက် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်းအား အသေးစိပ် စစ်ဆေး မေးမြန်း ခွင့်မရရှိသေးကြောင်း သိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။