Trending Now

ပလန နယ်မြေရဲစခန်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ရဲတစ်ဦး သေဆုံး

Spread the love

ပလန နယ်မြေရဲစခန်း စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ရဲတစ်ဦး သေဆုံး

EPN
မြစ်ကြီးနား၊ ဩဂုတ် ၆

မြစ်ကြီးနားမြို့၊ ပလန နယ်မြေရဲစခန်း အနီးရှိ စစ်ဆေးရေးဂိတ်အား ယနေ့ နံနက်ပိုင်းက လက်နက်ကိုင် အဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး သေဆုံး သွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ ဩဂုတ်လ ၆ ရက် နံနက် ၆ နာရီ အချိန်ခန့်က ပလန နယ်မြေရဲစခန်းအပြင်ရှိ စစ်ဆေးရေးဂိတ် စခန်းအား ဆိုင်ကယ် ၃ စီး နှင့် လူခြောက်ဦး ပါဝင်သည့် အမည်မသိ လက်နက်ကိုင်များက သေနတ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“‌မနက်အစောကြီး သေနတ်သံတွေ အချက် လေးငါးဆယ် လောက်ကြားတယ်၊ ‌ပလန ရဲစခန်း နားမှာ ပစ်ခတ်မှု ဖြစ်တာလို့ သိရတယ်၊ ရဲတစ်ဦး သေဆုံးသွားတယ်လို့ ပြောနေသံ ကြားတယ်” ဒေသခံ တစ်ဦးက ဆိုသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လာရောက်ပစ်ခတ်သည့် လက်နက်ကိုင်များ ထွက်ပြေးသွားသည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ပလန ရဲစခန်းမှ ရဲဒုတပ်ကြပ် တစ်ဦးသေနတ် ထိမှန် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာ၌ သေဆုံးသွားသည်ဟု သိရသည်။

ထို့အပြင် သေဆုံးသူ ရဲဒုတပ်ကြပ်၏ သေနတ်အား လက်နက်ကိုင်များက ယူဆောင်သွားသည်ဟု သိရသည်။

သတင်း – ပိုင်ကြီး
ဓါတ်ပုံ – ပုံဟောင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။