Trending Now

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း နှစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၄ (၂၀၂၄)

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်တွင် ငွေကျပ်သိန်းနှစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူများကို ဖေဖော်ဝါရီ ၁၉ ‌‌‌‌‌‌‌‌‌‌‌ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း စက်မှုနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း (တပင်ရွှေထီးလမ်း)လမ်းကြားရှိ ကျော်စွာ၀င်း ငှားရမ်းနေထိုင်သည့် နေအိမ်အား မူးယစ်သတင်းအရ ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အေးချမ်းသူနှင့် မျိုးမင်းသိန်း တို့အားတွေ့ရှိပြီး နေအိမ်ခြံ၀င်းအတွင်း ရပ်တန့်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူအလေးချိန် ၈ ဒဿမ ၂၅ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၀၆၂ ဒဿမ ၅ သိန်း)၊ ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ကျော်စွာ၀င်း (၃၈)နှစ်၊ အေးချမ်းသူ (၃၆)နှစ်နှင့် မျိုးမင်းသိန်း (၃၄)နှစ်တို့အား စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။