Trending Now

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၂၉၀၀၀ နီးပါးနှင့် သေဆုံးသူ ၁၂၆၀ ကျော်အထိ မြင့်တက်လာ

Spread the love

ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၂၉၀၀၀ နီးပါးနှင့် သေဆုံးသူ ၁၂၆၀ ကျော်အထိ မြင့်တက်လာ 

EPN
နိုင်ငံတကာ၊ ဇွန် ၃

ဘရာဇီးနိုင်ငံသည် ယမန်နေ့က ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်သေဆုံးမှု အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။

တိုင်းပြည်၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ပြန်လည်ဖြေလျော့ရန် စတင်နေချိန်အတွင်း အဆိုပါ အစီရင်ခံစာ ပေါ်ထွက်လာခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်ခံသူ အတည်ပြုလူနာအသစ်၂၈၉၃၆ ဦးရှိပြီး သေဆုံးသူ အသစ် ၁၂၆၂ဉီး ရှိအထိ ရှိလာခဲ့ကာ ကူးစက်လူနာနှင့် သေဆုံးသူအရေအတွက်က အမေရိကန်ပြည်ထောင်စုကို ကျော်တက်သွားခဲ့သည်။

ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာပေါင်း ၅၅၅၃၈၃ ဦးရှိပြီး စုစုပေါင်း သေဆုံးသူဦးရေမှာ ၃၁၁၉၉ ဦးအထိ ရှိပြီဖြစ်သည်။ ဆင်းရဲသားနေထိုင်သည့် ကျူးကျော်ရပ်ကွက်များအတွင်း ရောဂါဖြစ်ပွားမှုမှာ အများဆုံးဖြစ်သည်။

ဆောပေါ်လိုမြို့သည် ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး ရောဂါဖြစ်ပွားမှု အများဆုံးမြို့လည်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းအချို့ကို ဇွန်လအတွင်း စတင်ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ဆေးရုံများကိုလည်း လုံလောက်စွာ ပြင်ဆင်ထားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကြီးမားသည့် ဈေးဝယ်စင်တာများကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ပေးခဲ့သည်။ သို့သော်လည်း ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကမူ ဘရာဇီးနိုင်ငံသည် ရောဂါကူးစက်မှုနှုန်းသည် အမြင့်ဆုံး အဆင့်သို့ မရောက်ရှိသေးကြောင်း ပြောကြားခဲ့သည်။ ဒေသအချို့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့သည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို ဆန်ကျင်သူများနှင့် သမ္မတ ဂျာရစ်ဘာဆိုနာရိုကို ထောက်ခံသူများအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဘာဆိုနာရိုက စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေး ပြောကြားခဲ့သည်။

Ref: High number of coronavirus cases, deaths in Brazil
ကိုးကား-အန်အိတ်ချ်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။