Trending Now

ရွှေညောင်ပင်ရပ်ကွက်ရှိ ဘုန်းမြင့်ကံသာအဆင့်မြင့် ဓမ္မစကူးလ်ကျောင်းတွင် ဓမ္မစာပေများ သင်ကြားနေသည့် ကျောင်းသား/ သူများကို အသိအမှတ်ပြုဂုဏ်ပြုလွှာပေးအပ်ပွဲ ကျင်းပ

Spread the love

ရွှေညောင်ပင်ရပ်ကွက်ရှိ ဘုန်းမြင့်ကံသာအဆင့်မြင့် ဓမ္မစကူးလ်ကျောင်းတွင် ဓမ္မစာပေများ သင်ကြားနေသည့် ကျောင်းသား/ သူများကို အသိအမှတ်ပြုဂုဏ်ပြုလွှာပေးအပ်ပွဲ ကျင်းပ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဘုန်းမြင့်ကံသာ အဆင့်မြင့် ဓမ္မစကူးလ်ကျောင်းတွင် (၂၀၂၃-၂၀၂၄)တွင် ဓမ္မစာပေများ သင်ကြားနေသည့် ကျောင်းသား/ သူများအား အသိအမှတ်ပြု ဂုဏ်ပြုလွှာပေးအပ်ပွဲကို ဖေဖော်ဝါ ရီ ၂၅ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား စတင်ချိန်တွင် ဓမစကူးလ်ကျောင်းသား/ သူများနှင့် ဆရာ/ မများမှ နမောတဿ (၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး၊ ဩဝါဒါ စရိယ ဆရာဝောာ်ကို ဩကာသကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလ ဆောက်တည်ခဲ့ကြပြီး၊ ဆရာတော်ထံမှ ဩဝါဒများကို ခံယူခဲ့ကြသည်။

ဆက်လက်ပြီး ဓမ္မစကူးလ်ကော်မတီ ဥက္ကဌ ဦးတင်မြင့်နှင့် ရွှေညောင်ပင် အုပ်ချုပ်ရေးမှုး ဦးလင်းရှိန်တို့မှ အမှာစကားများ ပြောကြခဲ့ကြပြီး၊ အတန်းစဉ်အလိုက် ဓမ္မစကူးလ် ကျောင်းသား/ သူများ၏ အသိမှတ်ပြု ဂုဏ်ပြုလွှများကို ဆရာ/ မများမှ လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ဓမ္မစကူးလ် ကျောင်းသား/သူများမှ နိဗ္ဗာန်ဈေးလာရောက် လှူဒါန်းပေးကြသည့် အာဟာရအလှူရှင်များကို မေတ္တာပို့ အမျှဝေပေးကြအပြီးတွင် အတန်းလိုက်အသီးသီးမှ ဓမ္မစကူးလ် ကျောင်းသား/ သူများက အကပဒေသာများဖြင့်‌ တင်ဆက်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အကများဖြင့် ဖျော်ဖြေခဲ့ကြသည့် ဓမ္မစကူးလ် ကျောင်းသား/ သူများကို ဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော်မှ တစ်ဖွဲ့လျှင် ကျပ်ငွေ (၅၀၀၀၀)စီအသီးသီး ပေးအပ်ခဲ့ပြီး၊ ဩဝါဒါစရိယဆရာတော်နှင့် ဆရာ/ မများကိုလည်း လှူဖွယ်ဝတ္ထုများကို လှူဒါန်းပေးခဲ့ကာ ဓမ္မစကူးလ်ကျောင်းသား/ သူများကို ဆုံးမဩဝါဒများ ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆရာမ ဒေါ်အိအိထွေး ဦးဆောင်သည့် ဆရာ/ မအဖွဲ့မှ ဓမ္မစကူးလ် ထောင်ပေါင်းများစွာ သီချင်းဖြင့် နိဗ္ဗာန်ဈေးလှူဒါန်းမှုပွဲဝောာ်ကို ဖွင့်လှစ် ဖျော်ဖြေခဲ့ပြီး၊ အဆိုပါ ဖျော်ဖြေသူများကို ဆက်ဆံရေးရုံး တာဝန်ခံ ဦးခင်မောင်ကျော်မှ ကျပ်ငွေ (၁၀၀၀၀၀)ကျပ်ကို ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး နိဗ္ဗာန်ဈေးပွဲဝောာ်လှူဒါန်းမှုတွင် ရှေ့ဆုံးမှ သာသနာ့အလံ၊ ဒုတိယတန်းတွင် ဓမ္မစကူးလ်အလံ၊ တတိယတန်းတွင် သင်ကြားပို့ချပေးသည့် သံဃာ (၂)ပါး၊ စတုတ္ထတန်းတွင် ဓမ္မစာများသင်ကြားနေသည့် တရုတ်သီလရှင်ကလေးများနှင့် အတန်းအလိုက် ဓမ္မစကူးလ် ကျောင်းသား/ သူများမှ အတန်းလိုက်ဖြင့် နိဗ္ဗာန်အလှူများကို ခံယူခဲ့ကြသည်။

သံလွင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။