Trending Now

ကချင်ပြည်နယ်အတွင်း ယနေ့ နံနက်ပိုင်းတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်

Spread the love

ကချင်ပြည်နယ်အတွင်း ယနေ့ နံနက်ပိုင်းတွင် MPT ဖုန်းလိုင်းများ ပြတ်တောက်မှုဖြစ်ပေါ်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်နှင့် အခြား မြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း အချိန်က စ၍ MPT ဖုန်းလိုင်းများ အသုံးပြု၍မရဘဲ ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃၀ရက်နေ့ ည ၁၂နာရီ နောက်ပိုင်းအချိန်တွင် MPT ဖုန်းလိုင်းများ ဆက်သွယ်၍ ခက်ခဲခြင်း၊ ဖုန်းလိုင်းတိုင်များ ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်ခြင်းတို့ဖြင့် မနက်ပိုင်းအချိန်တွင် ဆက်သွယ်၍ မရကြောင်း မြစ်ကြီးနားမြို့ပေါ် နေထိုင်သူတစ်ဦးက ဆိုသည်။

” MPT တယ်လီဖုန်း (အင်တာနက်လိုင်းအပါ) ပျက်နေတယ်။ ( ATOM ) ဖုန်းလိုင်းတော့ ပြန်ရနေတယ်။ Mytel နဲ့ အော်ရီဒူးကလည်း လိုင်းစွဲအား မကောင်းဘူး။ ပြီးခဲ့တဲ့ ၂၅ရက်နေ့ကလည်း MPT ဖုန်းလိုင်းတွေ ၂၄နာရီနီးပါး ဖြစ်ခဲ့တယ် ” ဟု ယင်းကရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင် (၂၅) ရက်နေ့ မနက်အစောပိုင်း မိနစ် ၄၀ အချိန်လောက်ကတည်းနေ အထက္မြန်မာပြည်၏ လိုင်းခွဲတစ်ခုဖြစ်သော အင်းတော်နှင့် ထီးချိုင့်ကြားရှိ ဖိုင်ဘာဆက်ကြောင်း ပြတ်သွားသည့်အတွက် ကချင်ပြည်နယ်ဘက္တွင် MPT ဖုန်းလိုင်းအပါအဝင် ဆက်သွယ်ရေးလိုင်းအချို့ ဆက်သွယ်၍မရသည့် အခက်အခဲ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ရှိဖြစ်ပေါ်နေသော ဖုန်းလိုင်းပြတ်တောက်မှုတွင် MPT ဖုန်းလိုင်း တစ်ခုတည်းသာ ပြတ်တောက်နေပြီး၊ အခြား ဖုန်းလိုင်းများ ကောင်းမွန်နေကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်မြို့နယ်နှင့် ချီဖွေ မြို့နယ်တို့တွင် MPT ဖိုန်းလိုင်းများ မကြာခဏ ပြတ်တောက်လေ့ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။