Trending Now

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၃) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပေးအပ်ပွဲတွင် အလှူရှင်များမှ ငွေကျပ် သိန်း ၁၇၀၀၀ ကျော်လှူဒါန်း

Spread the love

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၃) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပေးအပ်ပွဲတွင် အလှူရှင်များမှ ငွေကျပ် သိန်း ၁၇၀၀၀ ကျော်လှူဒါန်း

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၈ (၂၀၂၃)

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၃) ကြိမ်မြောက် ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားတွင် ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၂၆ ဦးက ရွှေပြား ၃၄ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၈၉ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် သိန်း ၁၇၀၀၀ ကျော်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၃) ကြိမ်မြောက် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ် တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနား ကို နိုဝင်ဘာ ၇ရက်နေ့ မွန်းလွဲ ၁နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းခဲ့ရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ် မြသိန်းတန်ပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇာဂရထံမှ အခမ်းအနားသို့ တက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနု မောဒနာတရား နာယူခဲ့ကြောင်း သိရသည်။

ယင်းအလှူငွေပေးအပ်လှူဒါန်းပွဲ၌ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၂၆ ဦးက ရွှေပြား ၃၄ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၈၉ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ၁၇၃၇၃၇၃၄၇၂ ကျပ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။