Trending Now

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ကား (၅)စီးဆင့်တိုက် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

Spread the love

ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ကား (၅)စီးဆင့်တိုက် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ (၂၀၂၄)

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး၏ သာဂရအမြန်လမ်း မီးသတ်စခန်းအပိုင်တွင် ဖေဖော်ဝါရီ ၉ ရက်၊ ညပိုင်းက ကား (၅)စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။

ယမန်နေ့ည ၁၂ နာရီ ၆ မိနစ်ခန့်က အမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၅၈မိုင် ၅ ဖာလုံ အနီးတွင် ခရီးသည်တင်ကား (၂)စီးနှင့် အိမ်စီးကား (၃)စီး စုစုပေါင်းကား (၅)စီး ဆင့်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် “သစ်ဆန်း” ခရီးသည်တင်ယာဥ်၊ “ခိုင်မန္တလေး” ခရီးသည်တင်ယာဥ်၊ Toyota RAV 4 (အဖြူရောင်)ယာဥ်၊ Super Custom (အဖြူရောင်) ယာဥ်နှင့် Toyota Caldina (လိမ္မော်ရောင်)ယာဥ်တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်မိမှုကြောင့် Toyota RAV 4 (အဖြူရောင်)ယာဥ်ပေါ်မှ အမျိုးသားတစ်ဦး၊ Super Custom (အဖြူရောင်)ယာဥ်ပေါ်မှ အမျိုးသားတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး၊ အိမ်စီးကား (၃)စီးပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၈)ဦးတွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ) ရရှိခဲ့ပြီး ခရီးသည်တင်ကား (၂)စီးပေါ်၌ လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

ယင်း ယာဥ်တိုက်မှု ဖြစ်စဥ်မှ သေဆုံးသူ (၂)ဦး၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆွာ လူမှုကူညီရေးအသင်းနှင့် မြို့သစ် လူမှုကူညီရေးအသင်းတို့မှ တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။