Trending Now

ရှင်ဗွေယန်မြို့တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုမ ှကြိုတင်ကာကွယ်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်ပေးနေ

Spread the love

ရှင်ဗွေယန်မြို့တွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုမ ှကြိုတင်ကာကွယ်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်း၍ Mask Campaign ဆောင်ရွက်ပေးနေ

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၂၂

ကချင်ပြည်နယ် ရှင်ဗွေယန်မြို့တွင် ကိုဗစ် ၁၉ ရောဂါထပ်မံဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ နံနက် ၇ နာရီမှ ၈နာရီအထိ ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများအတွက် Mask campaign ဆောင်ရွက်ပေးနေကြောင်း ရှင်ဗွေယန်မြို့နယ် အုပ်ချုပ်ရေးမှုးထံမှ သိရသည်။

ရှင်ဗွေယန်မြို့အတွင်း ကိုဗစ်ရောဂါနှင့်ပက်သက်သည့် လက္ခဏာများ ယခုလက်ရှိတွင် ဖြစ်ပေါ်ခြင်းမရှိသေးသော်လည်း ကချင်ပြည်နယ်တွင် ကိုဗစ်လူနာများ ထပ်မံ ဖြစ်ပွားလာခြင်းများ ရှိလာသည့်အတွက် ရှင်ဗွေယန်မြို့နေပြည်သူများလည်း ကိုဗစ်ရောဂါထပ်မံဖြစ်ပွားလာမှုအပေါ် ပေါ့ဆခြင်း မရှိစေရန် သတိပေးလုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း ရှင်ဗွေယန်အုပ်ချုပ်ရေးမှူးကပြောဆိုသည်။

“ရှင်ဗွေယန်မှာ ကိုဗစ်ရောဂါလက္ခဏာ ဖြစ်ပေါ်နေတာတွေတော့မရှိပါဘူး၊ ဒါပေမဲ့ အခု ကိုဗစ်ရောဂါက ပြန်ဖြစ်နေတာတွေရှိလာပြီ ကချင်ပြည်နယ်အတွင်းမှာ ပိုးတွေ့ရှိမှုတွေလည်းကြားသိနေရတော့ ဒီက ပြည်သူတွေလည်းပေါ့ပေါ့စစမနေကြဖို့၊အများစုက ပေါ့စနေကြတာတွေ့နေရတယ်လေ၊အဲ့တာကြောင့် ဈေးသွားဈေးဝယ်တို့ လုပ်ဆောင်တဲ့အခါမှာ maskတပ်ဆင်ထားဖို့ ဈေးရောင်းဈေးဝယ် အကွာအဝေး ထားပြီးလုပ်ဆောင်တာတွေကို သတိပေးလုံ့ဆော်တဲ့သဘောနဲ့ဌာနဆိုင်ရာတွေပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

Mask Camping လုပ်ဆောင်ခြင်းကို ရှင်ဗွေယန်မြို့မစည်ပင်သာယာရေးဈေးရှေ့တွင် maskအရေအတွက် ၃၀၀ ကျော် မျှဝေပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် အိမ်ခြေအများဆုံးဖြစ်သောရပ်ကွက် (၃)အတွင်း ပြန်လည်မျှဝေပေးခဲ့ကြောင်း သိရသည်။

ရှင်ဗွေယန်မြို့၏ လူဦးရေမှာ (၄၃၀၄)ဦးရေရှိသည့်အထဲမှ ပြီးခဲ့သည့်နှစ်ကိုဗစ်ဖြစ်ပွားခဲ့ချိန်အတွင်း လူဦးရေ (၁၀၀)ကျော်လောက် ကူးစက်ခံခဲ့ရပြီး သေဆုံးသူမှာ (၁၀)ဦးရှိခဲ့ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။