Trending Now

လူ ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်နိုင်ငံ လေယာဉ် MU5735 ပျက်ကျမှု စုံစမ်းစစ်ဆေးရန်အတွက် အမေရိကန် စုံစမ်းစစ်ဆေးသူများကို ဗီဇာထုတ်ပေး

Spread the love

လူ ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်နိုင်ငံ လေယာဉ် MU5735 ပျက်ကျမှု စုံစမ်းစစ်ဆေးရန်အတွက် အမေရိကန် စုံစမ်းစစ်ဆေးသူများကို ဗီဇာထုတ်ပေး

EPN

နိုင်ငံတကာ၊ မတ် ၃၁

လူ ၁၃၂ ဦးသေဆုံးခဲ့တဲ့ တရုတ်နိုင်အရှေ့ပိုင်းလေကြောင်းလိုင်း လေယာဉ် MU5735 ပျက်ကျမှု စုံစမ်းစစ်ဆေးရေးအတွက် အမေရိကန် စုံစမ်းစစ်ဆေးသူများကို တရုတ်နိုင်ငံက ဗီဇာထုတ်ပေးခဲ့တယ်လို့ တရုတ်ဒေသတွင်း သတင်းဌာနများကဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီးတင်းပတ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါလေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရေးမှူးများအပြင် Federal Aviation Administration၊ Boeing Co. နဲ့ 737-800 အင်ဂျင်ထုတ်လုပ်တဲ့ CFM တို့မှ နည်းပညာအကြံပေးများကိုလည်း ဗီဇာထုတ်ပေးခဲ့တယ်လို့ အမေရိကန်အမျိုးသားသယ်ယူပို့ရေးဘုတ်အဖွဲ့(NTSB) က ဆိုပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းရှိ တောင်စောင်းတစ်ခုတွင် မတ်လ ၂၁ ရက်က ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်စီးနင်းလိုက်ပါလာတဲ့ လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့တဲ့အတွက် တရုတ်နိုင်ငံမှာ ၂၈ နှစ်အတွင်း သေဆုံးမှုအများဆုံး ကပ်ဘေးတစ်ခုဖြစ်ခဲ့ပါတယ်။

အမေရိကန်အဖွဲ့နေနဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ် စည်းကမ်းချက်များကြောင့် သီးသန့်ခွဲခြားနေထိုင်ရန် လိုအပ်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း NTSB က ပြောကြားခဲ့ပြီး အဆိုပါကိစ္စအား ဆွေးနွေးနေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားများက လေယာဉ် အပျက်အစီးများကြားမှ ဒုတိယမြောက် လေယာဉ်ပျံသန်းမှုဒေတာမှတ်တမ်းတင်စက် ဖြစ်တဲ့ Black box ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီလေယာဉ်ပျက်ကျမှုအတွက် NTSB ဟာ နိုင်ငံတကာ သဘောတူညီချက်အရသော်လည်းကောင်း၊ လေယာဉ်ကို အမေရိကန်ပြည်ထောင်စုမှာ ပုံဖော်တည်ဆောက်ထားတဲ့အတွက် NTSB အနေနဲ့ လေယာဉ်ပျက်ကျမှုအတွက် တရားဝင်ပါဝင်ခွင့်ရှိတာဖြစ်တယ်လို့သိရပါတယ်။

Source – scmp


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။