Trending Now

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူ ၄၀ ခန့်ကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့

Spread the love

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူ ၄၀ ခန့်ကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့

 

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၂၈

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း မှ ပြီးခဲ့သည့်၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူ ၄၀ ခန့်ကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖြင့် ပြန်လည်ထူထောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးစခန်းကို လယ်ကုန်ရပ်ကွက်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး စခန်းတွင် မူးယစ်ဆေးဖြတ် လူနာများ၏ ဘဝ ရှေ့ရေးအတွက် အလုပ်အကိုင်များဖြင့် ပြန်လည်ထူထောင်ပေးနေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

” ကျနော်တို့ အနေနဲ့ မူးယစ်ဆေးဖြတ်ပြီး ဘဝသစ်ပြန်စချင်တဲ့သူတွေကို အဓိက လက်တွဲခေါ်ပြီးတော့ အလုပ်အကိုင်တွေရရှိအောင်လုပ်ဆောင်ပေးနေတာဖြစ်တယ် ပြီးခဲ့တဲ့ နှစ် ၂၀၂၁ မှာဆိုရင် ၆လပိုင်မှာ တစ်ခါ၊ ၁၂ လပိုင်းမှ တစ်ခါ သက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ သင်တန်းလေးတွေ ပြုလုပ်ပေးနိုင်ခဲ့တယ်၊ သင်တန်းတစ်ခါ လုပ်ရင် လူ၂၀ နဲ့ ၂ကြိမ်မှာ လူ ၄၀ လောက် ပြန်လည် ထူထောင်ရေး လုပ်ပေးနိုင်ခဲ့တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သင်တန်းတွင် မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ဆိုင်ကယ်ပြင်သင်တန်း၊ ဝရိန် သင်တန်း၊ဆပ်ပြာဆီထုတ်လုပ်နည်း သင်တန်း၊ အိမ်တွင်းလျှပ်စစ်ပြုပြင်ရေးသင်တန်း၊ရာသီပေါ် သီးနှံစိုက်ပျိုးသည့်သင်တန်း၊ တံဆိတ်ရိုက်သင်တန်းများ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြန်လည်ထူထောင်ရေးစခန်းတွင် ( ဘိန်းဖြူဘိန်းမဲ) မူးယစ်ဆေးဖြတ်ပြီးသူများကိုသာ အဓိကထားကာ ပြန်လည်ထူထောင်ရေးများပြုလုပ်ပေးလျှက်ရှိပြီး အများစုမှာ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များမှ လာရောက်ကြသူများဖြစ်ကြောင်း ကချင်ပြည်နယ် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းရှိ စာရင်းများအရ သိရသည်။

အလားတူ ၂၀၂၀ပြည်နှစ်ကလည်း ကိုဗစ်နိုင်တင်းအခြေအနေကြောင့် လူဦးရေ ၂၀ သာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ပြီး ယခုနှစ်အတွင်း လူဦးရေ ၆၀ ပြုစုပျိုးထောင်နိုင်အောင် ပြင်ဆင်ထားကြောင်း သိရသည်။

ဗညားနွဲ့

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။