Trending Now

မုံရွာမြို့သို့ တရုတ်နိုင်ငံမှ ဝင်လာသည့်တရုတ် လူမျိုး ၇ ဦးကို ဝင်ရောက်စစ်ဆေး

Spread the love

မုံရွာမြို့သို့ တရုတ်နိုင်ငံမှ ဝင်လာသည့်တရုတ် လူမျိုး ၇ ဦးကို ဝင်ရောက်စစ်ဆေး

EPN
မုံရွာ၊ မတ် ၂၃

မုံရွာမြို့တွင် တရုတ်နိုင်ငံမှဝင်လာသည့်တရုတ် လူမျိုး ၇ ဦးကို မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနနှင့် ဒေသန္တရ ကျန်းမာရေးအဖွဲ့တို့က ယနေ့ ည ၈ နာရီအချိန်က ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။

တရုတ်လူမျိုး ၇ ဦးသည် ယနေ့ ညနေပိုင်းက မုံရွာမြို့ကို ရောက်ရှိလာပြီး မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် မာဃလမ်းထဲမှ Leading Star တရုတ်စကားပြောသင်တန်းကျောင်းတွင် တည်းခို‌နေကြောင်း သတင်းရရှိ သဖြင့် ညပိုင်းအချိန်တွင် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးချိုဝင်းမောင်ကပြောသည်။

” ကျန်းမာရေးအနေနဲ့ကတော့ ဒေသန္တရကျန်းမာရေးအဖွဲ့က လာစစ်ဆေးသွားပြီ။ ဗိုင်းရပ်စ်ကူးစက်မှု လက္ခဏာကိုတော့ မတွေ့ရဘူးလို့သိရတယ်။ ကိုယ်ပူချိန်တွေလည်း တိုင်းသွားတယ်။ လာတာတော့ တရားဝင်ဗီဇာနဲ့ လာဝာာလို့ သိရတယ်။ ဒီသင်တန်းကို အိမ်ရှင်က ‌ဌားထားတာ တစ်နှစ်လောက်ရှိပြီ “ဟု ဦးချိုဝင်းမောင်ကပြောသည်။

လက်ရှိမှာတော့ ၎င်းတို့ကို စစ်ဆေးဖို့အတွက် မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနရုံးသို့ ခေါ်ဆောင်သွားပြီး ဆိုက်ရောက်မှုကို အကြောင်းကြားရန် ပျက်ကွက်ခဲ့သဖြင့် အရေးယူမှု အပိုင်းကို စစ်ဆေးပြီးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးဌာနမှ စာရေးကြီး ဦးကျော်သန်းဦးကပြောသည်။

” ကျနော်တို့က စစ်ဆေးအုံးမှာပါ။ အရေးယူတာမယူတာကတော့ စစ်ဆေးပြီးမှ ဆုံးဖြတ်ရမှာပေါ့။ အခုကတော့ ရုံးမှာစစ်ဖို့ ခေါ်သွားမှာပါ “ဟု ဦးကျော်သန်းဦးက ပြောသည်။

မုံရွာမြို့သို့ရောက်ရှိလာသည့် တရုတ်လူမျိုး ၇ ဦးသည် အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။