Trending Now

ဗန်မော် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား (၁၄)ဦး ပြည်နှင်ဒဏ်ပေးခံရ

Spread the love

ဗန်မော် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား (၁၄)ဦး ပြည်နှင်ဒဏ်ပေးခံရ

EPN
မြစ်ကြီးနား၊ မေ ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်အကျဉ်းထောင်မှ မေလ ၁၆ ရက်နေ့တွင် လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား (၁၄)ဦးအား ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံသား (၁၄)ဦးကို ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၂၀ ရက်နေ့က လွယ်ဂျယ်မြို့၊ ရပ်ကွက်(၃)ရှိ နေအိမ်တစ်အိမ်၌ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မိုးမောက်မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်စီ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၁၄) ဦးသည် အလုပ်နှင့်ထောင်ဒဏ်(၁)နှစ်စီ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် အကျဉ်းထောင်၏ လျော့ရက်စည်းမျဉ်းအရ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား (၁၄) ဦးကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုး နှင့် အကျဉ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲထွဋ် တို့၏ ရှေ့မှောက်၌ မိုးမောက်မြို့နယ်လဝကမှူး ဦးထွန်းထွေး ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အမည်မည်းစာရင်း (Black List)ရေးသွင်း၍ ပြည်နှင်ဒဏ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။