Trending Now

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ ထုတ်ယူရမည်

Spread the love

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၂၇ ရက်မှစတင်၍ ထုတ်ယူရမည်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (၂၀၂၄)

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို လာမည့် မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၉ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများအား ဖေဖော်ဝါရီလ ၂၇ ရက်မှစတင်၍ ထုတ်ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အသိပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ ထုတ်ယူရာ၌ တိုင်းနှင့်ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဥ်ပါသော ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် အခြေခံပညာအထက်တန်းကျောင်း (ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား မိမိတို့၏ ကျောင်း အုပ်ကြီးထံမှ ထုတ်ယူရမည် ဖြစ်သည်။

ပြင်ပမှ ဖြေဆိုသူများအနေဖြင့် ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန၏ ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများထုတ်ယူရာ၌ အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတို့ထံ တိုက်ရိုက်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။