Trending Now

အကြီးဆုံး မူဆလင်နိုင်ငံရေးပါတီ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

Spread the love

အကြီးဆုံး မူဆလင်နိုင်ငံရေးပါတီ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီး

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး မှုဆလင်ပါတီ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ် ညီလာခံ (Jamaat-e-Islami) ပါတီ ခေါင်းဆောင်ဖြစ်သူ ရှဖီကာ ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နုတ်ထွက်ရေးအတွက် အတိုက်အခံတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ မှာ ပါဝင်မယ်လို့ ပါတီက ကြေညာပြီး ရက်ပိုင်းအတွင်းမှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ ရှဖီကာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၁ နာရီခန့်က ပါတီခေါင်းဆောင်ဖြစ်တဲ့ ရှဖီကာကို သူ့ရဲ့ နေအိမ်မှာပဲ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ ပါတီရဲ့ ယာယီအတွင်းရေးမှုးချုပ် မူလာနာ က ပြောပါတယ။်

ပါတီခေါင်းဆောင်ဖြစ်သူကို အခုလိုဖမ်းဆီးလိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သူ့ကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ယာယီအတွင်းရေးမှုချုပ် မှုလာနာက ပြောပါတယ်။

၂၀၁၂ ခုနှစ်ကတည်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတဲ့ နိုင်ငံ့ တတိယ အင်အားအကြီးဆုံးပါတီဟာ အဓိက အတိုက်အခံပါတီ BNP ရဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး ညွန့်ပေါင်းအဖွဲ့ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဟာစီနာ ၂၀၀၉ ခုနှစ်မှာ အဏာရလာခဲ့ပြီးတဲ့နောက် ပါတီခေါင်းဆောင် အားလုံးကို ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၁ ခုနှစ် ပါကစ္စတန် စစ်ပွဲအတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် တရားစွဲခဲ့ပါတယ်။

စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ပါတီထိပ်တန်းခေါင်းဆောင် ၅ ဦး မှာ အပြစ်ရှိကြောင်း စစ်ရာဇဝတ်တရားရုံးက တွေ့ရှိခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်က နေ ၂၀၁၆ ခုနှစ်အတွင်း ထိပ်တန်းပါတီ ခေါင်းဆောင် ၅ ဦးကို ကြိုးပေးခဲ့ပါတယ်။

ကွက်မျက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ပါတီဝင် ရာနဲ့ချီ ပစ်သတ်ခံခဲ့ရသလို ပါတီဝင် ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး တရားစီရင်မှုတွေဟာ နိုင်ငံရေးကြောင်းပြချက်တွေနဲ့ ပါတီခေါင်းဆောင်တွေကို နှိပ်ကွပ်တဲ့ အစီအစဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲလို့ တွင်တွင်ပြောနေပေမယ့် တစ်ဖက်မှာတာ့ အတိုက်အခံပါတီတွေကို ဖိနှိပ်နေခြင်းဟာ သူ့တို့ရဲ့ ဒီမိုကရေစီကို အယုံအကြည်မရှိကြောင်း ဖော်ပြနေတာလို့ (Jamaat-e-Islami) ပါတီ က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတည်းက လောင်စာဆီဈေးနှုန်းမြင့်မားမှု၊ လူနေမှုစရိတ်ကြီးမြင့်မှုတွေကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာကာ အတိုက်အခံပါတီတွေကလည်း ဟာဆီနာကို ရာထူးက ဆင်းပေးပြီး ယာယီအစိုးရတစ်ရပ်က ဦးဆောင်ကာ ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

— ကိုးကား —
aljazeera
ref; Bangladesh arrests head of largest Muslim party amid crackdown


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။