Trending Now

ကချင်ပြည်နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် ရရှိထားသည့် ပရဟိတဂေဟာ (၁၃) ကျောင်း အတွက် ထောက်ပံ့ကြေးငွေ သိန်း (၇၉၀)ကျော် ထောက်ပံ့ပေးအပ်

Spread the love

ကချင်ပြည်နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် ရရှိထားသည့် ပရဟိတဂေဟာ (၁၃) ကျောင်း အတွက် ထောက်ပံ့ကြေးငွေ သိန်း (၇၉၀)ကျော် ထောက်ပံ့ပေးအပ်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

ကချင်ပြည်နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ပရဟိတဂေဟာ (၁၃)ကျောင်း အတွက် ထောက်ပံ့ကြေးငွေ သိန်း (၇၉၀)ကျော်ကို ယနေ့ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၉)နာရီခန့်က မြစ်ကြီးနားမြို့ စုပေါင်းရုံးခန်းမဆောင်၌ ပေးအပ်ခဲ့သည်။

(၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်အတွင်း တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ပရဟိတ ဂေဟာပေါင်း (၁၆)ကျောင်းရှိနေပြီး ယင်းအနက် ဗန်းမော်ခရိုင်အတွင်းရှိ ပရဟိတ ဂေဟာ (၂)ကျောင်း နှင့် မိုးညှင်းခရိုင်အတွင်းရှိ ပရဟိတ ဂေဟာ(၁)ကျောင်း အောက်တိုဘာလ ဒုတိယအပတ်ခန့်က ထောက်ပံ့ငွေ ကျပ် သိန်း (၁၀၀)ကျော်ကို ပေးအပ်ခဲ့ပြီဖြစ်ကာ ကျန်ရှိသည့် ပရဟိတ ဂေဟာ (၁၃)ကျောင်းအတွက် ယနေ့တွင် ကျပ်သိန်း (၇၉၀)ကျော်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ခွင့်ပြုမိန့်ရတဲ့ ဂေဟာတွေကို နှစ်စဉ်ထောက်ပံကြေးအဖြစ် ပေးအပ်လျှက်ရှိတယ်၊ ထောက်ပံ့ပေးအပ်ရာမှာလဲ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဆိုပြီး အဆင့်ဆင့်သက်မှတ်ပြီး ထောက်ပံ့ကြေးတွေကို ပေးတာဖြစ်တယ်၊ ဒီနှစ်မှာ (၁၆)ကျောင်းကိုပေးတာ၊ (၃)ကျောင်းလောက်က အရင်လကပေးအပ်ပြီးပြီဖြစ်တယ်၊ အခုက ကျန် (၁၃)ကျောင်းကိုပေးအပ်တဲ့ အခမ်းအနားဖြစ်တယ်၊ ဒီနှစ်အတွက် စုစုပေါင်း ကျပ် သိန်း (၉၀၀)လောက် ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ထောက်ပံ့ကြေးများပေးအပ်ရာတွင် ပထမအဆင့်အတွက် ဆန်ဖိုး၊ ဒုတိယအဆင့်အတွက် ဆန်းဖိုး၊ စားစရိတ်၊ ဝတ်စရိတ် နှင့် တတိယ အဆင့်အတွက် ပထမအဆင့်အတွက် ဆန်ဖိုး၊ ဒုတိယအဆင့်အတွက် ဆန်းဖိုး၊ စားစရိတ်၊ဝတ်စရိတ်၊ ဂေဟာမှူးလစားဟူ၍ လက်ခံသည့် ဦးရေအလိုက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ပရဟိတဂေဟာ (၁၆)ကျောင်းရှိကာ မြစ်ကြီးနားခရိုင်တွင် (၁၀)ကျောင်း၊ တနိုင်းခရိုင်တွင် (၃)ကျောင်း၊ ဗန်းမော်ခရိုင်တွင် (၂)ကျောင်း၊ မိုးညှင်းခရိုင်တွင် (၁)ကျောင်း တည်ထောင်ထားကြောင်း သိရသည်။

(၂၀၂၂-၂၀၂၃)ခု ဘဏ္ဍာရေးနှစ်အတွင်း တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ပရဟိတ ဂေဟာ (၄)ကျောင်း ထပ်မံတိုးလာကာ ယခင်နှစ် က တည်ထောင်ခွင့်ပြုမိန့်ရရှိထားသည့် ပရဟိတ ဂေဟာပေါင်း (၁၀)အတွက် သိန်း (၃၀၀)ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။