Trending Now

ဟိုပင်မြို့၊ ဝက်ကုန်းရပ်ကွက်အနီး SNA ရှမ်းနီအမျိုးသားတပ်မတော် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

Spread the love

ဟိုပင်မြို့၊ ဝက်ကုန်းရပ်ကွက်အနီး SNA ရှမ်းနီအမျိုးသားတပ်မတော် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

EPN
ဟိုပင်၊ မတ်၂၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ဝက်ကုန်းရပ်ကွက် အနီး စစ်ကြောင်းထွက်လာသည့် SNA ရှမ်းနီအမျိုးသားတပ်မတော်အား KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရှမ်းနီအမျိုးသားတပ်မတော်မှ လှုပ်ရှားဆောင်ရွက်နေစဉ် ဟိုပင်မြို့၊ ဝက်ကုန်းရပ်ကွက် အနီးတွင် KIA၊ PDF ပူးပေါင်းအဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိနိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

” မနေ့က နေ့လည် ၂နာရီလောက်မှာ ဖြစ်သွားတာဟုတ်တယ်။ ကျွန်တော်တို့ ကြားတာကတော့ အသေမရှိပါဘူး။ ပြင်းထန်ဒဏ်ရာလည်း မရဘူး။ အနည်းအပါး ဒဏ်ရာရတာလောက်ပဲ ဖြစ်သွားတာ ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဟိုပင်မြို့၊ နန့်ခွင်ကျေးရွာ၊ နန့်ရင်းချောင်းဘက်တွင်လည်း ပြီးခဲ့သည့် လပိုင်းအတွင်းက တပ်မတော်စစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။