Trending Now

ခရမ်းသီးဖြင့် အသက် ၇ နှစ်အရွယ် မိန်းခလေးအား မဖွယ်မရာပြုလုပ်သူကို ဖမ်းဆီးအရေးယူ

Spread the love

ခရမ်းသီးဖြင့် အသက် ၇ နှစ်အရွယ် မိန်းခလေးအား မဖွယ်မရာပြုလုပ်သူကို ဖမ်းဆီးအရေးယူ

ဧရာဝတီ၊ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် အသက် ၇ နှစ်အရွယ် မိန်းခလေးအား မဖွယ်မရာပြုလုပ်ခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သီတာစက်ဝန်းလမ်းအတွင်းရှိ အသက် ၇ နှစ်အရွယ် မိန်းကလေးအား နေအိမ်၌ မိဘများမရှိချိန် တစ်လမ်းထဲနေ အမျိုးတော်စပ်သူ ဦးမျိုးလွင်ဆိုသူက မဖွယ်မရာပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိဘတွေမရှိတဲ့အချိန် အမျိုးတော်စပ်တဲ့ ဦးမျိုးလွင်က ကလေးကို အိမ်ခေါ်ပြီး လက်နဲ့ မိန်းမကိုယ်အတွင်းကိုနိုက်တယ် ပြီးတော့ ခရမ်းသီနဲ့ မဖွယ်မရာလုပ်နေတဲ့အချိန် ကလေးရဲ့အမေက ကလေးကိုအိမ်မှာ မတွေ့လို့ လိုက်ရှာတော့ ကလေးကို ဦးမျိုးလွင်အိမ်မှာ တွေ့တယ်။ အဲ့ဒါနဲ့ ကလေးက သူ့ကို မဖွယ်မရာလုပ်တယ်လို့ မိခင်ကိုတိုင်တော့မှ သိရတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

ကလေးငယ်အား ထိုသို့ပြုလုပ်ခဲ့သဖြင့် မိခင်ဖြစ်သူမှ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အသိပေးတိုင်ကြားခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြို့နယ်ရဲတပ်ဖွဲ့သို့အသိပေးပြီးမြို့နယ် ရဲတပ်ဖွဲ့ မှတာဝန်ရှိသူများက တရားခံ မျိုးလွင်(၅၂)နှစ် အားဖမ်းစီး၍ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ၃၇၇၊ ၂၀/၁၀ (ပ ၁၅၂) ဖြင့်အမှု့ဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ရွှေအိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။