Trending Now

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၅၀ ကျော်နှင့် CDM ဝန်ထမ်း ၃၁၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

Spread the love

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၅၀ ကျော်နှင့် CDM ဝန်ထမ်း ၃၁၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၂၆

နိုင်ငံတော်မှ နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်းသို့ ရောက်ရှိနေသည့် PDF အဖွဲ့ဝင်များ CDM ဝန်ထမ်းများ၊ ကျောင်းသား/သူများနှင့် လူငယ်၊လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းများ ဖွင့်လှစ်၍ ပြန်လည် လက်ခံရာ လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၂၅၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၁၈ ကြိမ်မြောက် န.စ.က အဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုက လူမှုရေးအဖွဲ့တွေကနေတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန်လက်ခံဖို့ဆောင်ရွက်နေပါတယ် ၊ PDF အဖွဲ့ဝင် စုစုပေါင်းက ၂၅၀ လောက်တော့ရှိနေပြီး အသေးစိတ်တော့ စီစစ်နေတုန်းပဲ ”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်အထိ ပြန်လည်ဝင်ရောက်လာသူများတွင် အခြေခံပညာရေး ဝန်ထမ်းများ (၃၁၅၆) ဦး၊ အမှုများအားပိတ်သိမ်းရန် ဆက်သွယ်လာသူ (၁၀၀၉) ဦး၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သူ (၂၅၀) ပြန်လည်ဝင်ရောက်လာသည့်အတွက် ၎င်းတို့ကို မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။