Trending Now

အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်

Spread the love

အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်

EPN
နေပြည်တော်၊ မတ် ၂ (၂၀၂၄)

အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက မှာကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေမှ ယမန်နေ့ မတ် ၁ ရက်၊ နံနက်ပိုင်းက တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ပညာရေးမှူးများအား Online စနစ်ဖြင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

” တိုင်းပြည်အနာဂတ်အတွက် ပညာရေးဟာ အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ လာမယ့် မတ် ၁၁ ရက်မှာ တက္ကသိုလ်ဝင်စာမေးပွဲတွေ စတင်ဖြေဆိုတော့မှာ ဖြစ်တဲ့အတွက် စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ဖို့ကို တက္ကသိုလ်ပါမောက္ခချုပ်တွေ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးတွေ တိုင်းနဲ့ပြည်နယ် ပညာရေးမှူးတွေအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရပါမယ် ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက မှာကြားခဲ့သည်။

၎င်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားရမည်ဟုလည်း မှာကြားလဲ့သည်။

အလားတူ ကျောင်းသား/ သူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန် လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကာ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရမည်ဟုလည်း မှာကြားခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အချက်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။