Trending Now

အမေရိကန်မီးပုံးပျံတွေ တရုတ်လေပိုင်နက်ထဲကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့တယ်လို့ဆို

Spread the love

အမေရိကန်မီးပုံးပျံတွေ တရုတ်လေပိုင်နက်ထဲကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့တယ်လို့ဆို

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

ယမန်နှစ်အစပိုင်းကတည်းက အမေရိကန် မီးပုံးပျံတွေဟာ တရုတ်လေပိုင်နက်ထဲကို ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောဆိုလိုက်ပါတယ်။

အခြားနိုင်ငံတွေရဲ့ လေပိုင်နက်ထဲကို အမေရိကန်ရဲ့ မီးပုံးပျံတွေ တရားမဝင် ဝင်ရောက်နေတာဟာ ထူးဆန်းတဲ့ ဖြစ်စဉ်မဟုတ်တော့ဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ဝေဘင်းက ပေကျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ကန်ဟာ တရုတ်နိုင်ငံကို အနီးကပ်ထောက်လှမ်းဖို့ စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ၆၅၇ ကြိမ်အထိ စေလွတ်ခဲ့တာဟာလည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံကို အပုတ်ချနေမယ့်အစား အမေရိကန်ဟာ မိမိကိုယ်ကို မိမိဝေဖန်သင့်ကြောင်း မီးပုံးပျံကိစ္စနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့တာကို ကိုးကားပြီး ဝမ်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ သူ့ရဲ့နည်းပညာဆိုင်ရာ အားသာချက်တွေကို အကြီးအကျယ်အလွဲသုံးစားနေပြီး ကမ္ဘာတစ်ဝန်းလုံးက လျှိုဝှက်ချက်တွေကို ရရယူဖို့ လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး သူလျှိုနိုင်ငံအဖြစ် ပြစ်တင်ပြောဆိုခဲ့ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်းကာဘီက တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ မမှန်ကန်ကြောင်း တနင်္လာနေ့က အင်တာဗျူးတစ်ခုမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

China accuses U.S. of flying spy balloons into Chinese airspace more than 10 times

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။