Trending Now

မချမ်းဘောမြို့တွင် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

Spread the love

မချမ်းဘောမြို့တွင် အခမဲ့ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

EPN
ပူတာအို၊ ဖေဖော်ဝါရီ ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် AAMON Computer Training Centre တို့ပူးပေါင်း၍ Computer Knowledge & Painting and Typing (English) အခမဲ့သင်တန်းဖွင့်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီကျာင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ကွန်ပျူတာ အခမဲ့သင်တန်းကို ဖွင့်လှစ်ပေးချင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” အခုလို သင်တန်းဖွင့်ပေးရ ခြင်းဟာ ဗလငါးတန်ဖွံ့ဖြိုးစွာ ကြီးပြင်းလာစေဖို့နဲ့ IT ခေတ်ကြီးမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ငယ်စဥ်ကတည်းက ထိတွေ့ခွင့် ရစေချင်လို့ ယခုလို ဆောင်ရွက်ပေးဖြစ်တာ ” ဟု ယင်းကပြောသည်။

ဆက်လက်၍ AAMON Computer Training Centre မှ သင်တန်းနည်းပြ ဒေါ်အေးမွန်က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ပညာရပ်များနှင့် သင်ကြားမည့်ပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၇ ရက်အထိ နေ့စဥ် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီခွဲထိ သင်တန်းသား ၁၀ ဦးလျှင် တစ်သုတ်နှုန်းဖြင့် သင်တန်းသား ၂၀ ဦး လက်ခံသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။