Trending Now

တရားရုံး အဆောက်အအုံများကို ဗုံးခွဲရန် ကြံစည်မှုဖြင့် ဟောင်ကောင်အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၆ နှစ်နီးပါး ချမှတ်ခဲ့

Spread the love

တရားရုံး အဆောက်အအုံများကို ဗုံးခွဲရန် ကြံစည်မှုဖြင့် ဟောင်ကောင်အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၆ နှစ်နီးပါး ချမှတ်ခဲ့

EPN
နိုင်ငံတကာ၊ မေ ၂၄

၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအပြီး တရားရုံး အဆောက်အအုံများကို ဗုံးခွဲရန် လျှို့ဝှက်ကြံစည်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဟောင်ကောင်အမျိုးသားတစ်ဦးကို ကြာသပတေးနေ့တွင် ထောင်ဒဏ် ခြောက်နှစ်နီးပါး ချမှတ်ခဲ့သည်။

အလက်ဇန်းဒါးအော် (၂၁)နှစ်ကို တရားသူကြီးက ထောင်ဒဏ် ၅ နှစ်နှင့် ၈ လပြစ်ဒဏ်ချမှတ်ခဲ့ပြီး အသက် ၂၁ နှစ်အောက် အခြားတရားခံ သုံးဦးကို ပြန်လည်ထူထောင်ရေး ပြစ်ဒဏ်ချမှတ်ခဲ့ကာ ကျန်နှစ်ဦးကို စီရင်ချက်ရွှေ့ဆိုင်းခဲ့သည်။

အလက်ဇန်းဒါးအော် နှင့် အခြားငါးဦးသည် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်ရန်နှင့် တရားရုံးအဆောက်အအုံများကို ပစ်မှတ်ထားရန် စီစဉ်နေကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကြောင့် အဆိုပါ လုပ်ကြံမှုမှာ ပျက်ပြယ်ခဲ့ကာ ဗုံးများ မပေါက်ကွဲခဲ့ဘဲ အသေအပျောက် မရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

၎င်းတို့ခြောက်ဦးသည် ဟောင်ကောင်၏ ဖိနှိပ်ခံနေရသော ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် အထင်ရှားဆုံး တက်ကြွလှုပ်ရှားသူများထဲတွင် မပါဝင်သော်လည်း ဒီမိုကရေစီလှုပ်ရှားမှုများကို ဖိနှိပ်ထားသည့် အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် အကြမ်းဖက်လုပ်ဆောင်ရန် ပူးပေါင်းကြံစည်မှုဖြင့် ၂၀၂၁ ခုနှစ်တွင် တရားစွဲဆိုခံခဲ့ရသည်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။