Trending Now

အမေရိကန် ကုမ္ပဏီက ခေတ်မီဒရုန်းနှစ်စင်းကို ၁ ဒေါ်လာနဲ့ ယူကရိန်းကို ရောင်းချဖို့ ကမ်းလှမ်းထား

Spread the love

အမေရိကန် ကုမ္ပဏီက ခေတ်မီဒရုန်းနှစ်စင်းကို ၁ ဒေါ်လာနဲ့ ယူကရိန်းကို ရောင်းချဖို့ ကမ်းလှမ်းထား

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂

အမေရိကန်နိုင်ငံက စစ်ဘက်ဆိုင်ရာဒရုန်းတွေထုတ်လုပ်တဲ့ထိပ်တန်းကုမ္ပဏီ General Atomics Aeronautical Systems (GAAS) က ၎င်းတို့ကုမ္ပဏီထုတ် ဒရုန်းနှစ်စင်းကို ၁ ဒေါ်လာနဲ့ ယူကရိန်းနိုင်ငံကို ရောင်း ချပေးဖို့ ဆန္ဒရှိနေပြီး ရောင်းချခွင့်ပြုဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။

General Atomics ကုမ္ပဏီက ၎င်းတို့ထုတ်လုပ်တဲ့ Grey Eagle ဒရုန်းနဲ့ Reaper ဒရုန်းကို ယူကရိန်းကို ထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရကို တင်ပြထားတာ လပေါင်းများစွာကြာနေပြီဖြစ်ပါတယ်။

အဲဒီဒရုန်းနှစ်မျိုး စလုံးဟာ အာဖဂန် နစ္စတန်၊ ဆီးရီးယား၊ အီရတ်နဲ့ တခြားနိုင်ငံတွေက စစ်ပွဲတွေမှာ ကင်းထောက်တာဝန်နဲ့ တိုက်ခိုက်ရေးတာဝန်တွေကို အောင်မြင်စွာထမ်းဆောင်ခဲ့တဲ့ ဒရုန်းတွေဖြစ်ပြီး လက်ရှိထုတ်လုပ်ထားတဲ့ ဒရုန်း တစ်စင်းကို ဒေါ်လာ ၃၂ သန်း ခန့်တန်ကြေးရှိပါတယ်။

တာဝေးပျံသန်းနိုင်တဲ့ ဒီခေတ်မီဒရုန်းနှစ်စင်းဟာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံက လိုအပ်နေတဲ့ ယူကရိန်းတပ်တွေကို နည်းပညာစွမ်းရည်မြှင့်တင်ပေးမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရဟာ ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရေးနဲ့ ကင်းထောက် ဒရုန်းအငယ်စား အများအပြားထောက် ပံ့ပေးခဲ့ပေမဲ့ General Atomics ကုမ္ပဏီက ထုတ်လုပ်တဲ့ တာဝေးပျံသန်းနိုင်စွမ်းရှိပြီး နည်းပညာမြင့်မားတဲ့ ခေတ်မီဒရုန်းအကြီးစားများကို ထောက်ပံ့ခဲ့ခြင်းမရှိသေးပါဘူး။

“ရုရှားတပ်တွေ စတင်ကျူးကျော်တိုက်ခိုက်လာချိန်ကတည်းက MQ-9 Reaper ဒရုန်းနဲ့ MQ-1C Gray Eagle ဒရုန်းတွေအပါအဝင် ကျွန်တော်တို့ထုတ်လုပ်တဲ့လက်နက်တွေကို ယူကရိန်းတပ်တွေက အကူအညီတောင်းလာ ခဲ့ရင် ဆောင်ရွက်ပေးနိုင်ဖို့ နည်းလမ်းတွေကို မျှော်လင့်စောင့်စားခဲ့တာပါ။” လို့ General Atomics ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ လင်ဒန်ဘလူးက ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

အဲဒီဒရုန်းတွေကို ကိုင်တွယ်မောင်းနှင်နိုင်ဖို့အတွက် အမေရိကန်အစိုးရနဲ့ ယူကရိန်းအစိုးရ တစ်ပြားတစ်ချပ်မှ အ ကုန်အကျခံစရာမလိုဘဲ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို General Atomics ကုမ္ပဏီက လေ့ကျင့်သင်ကြားပေးသွား မှာဖြစ်ကြောင်း လင်ဒန်ဘလူးက ပြောပါတယ်။
ကုမ္ပဏီက ၎င်းတို့ရဲ့ဒရုန်းနှစ်စင်းကို မြေပြင်ထိန်းချုပ်ရေးစနစ်တစ်ခု၊ တခြားလိုအပ်တဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ ၁ ဒေါ်လာနဲ့ သာ ယူကရိန်းအစိုးရကို လွှဲပြောင်းပေးသွားဖို့ အသင့်ရှိနေကြောင်း ပြောပါတယ်။

ယူကရိန်းအစိုးရအနေနဲ့ စက်ပစ္စည်းတွေတပ်ဆင်ခြင်း၊ လွှဲပြောင်းရယူခြင်းနဲ့ စစ်မြေပြင်မှာအသုံးပြုနိုင်ဖို့ ပြင်ဆင် ခြင်းတို့အတွက် ကုန်ကျစရိတ်ကျခံရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“ဒီကမ်းလှမ်းမှုဟာ ဘာနှောင်ကြိုးမှမပါတဲ့ ထူးခြားတဲ့ကမ်းလှမ်းမှုတစ်ခုဖြစ်ပါတယ်။ လိုအပ်တာကတော့ အမေ ရိကန်အစိုးရဆီက ခွင့်ပြုချက်ပဲဖြစ်ပါတယ်။” လို့ လင်ဒန်ဘလူးက ပြောပါတယ်။

Ref: US Firm Offers Ukraine Advanced Drones for $1

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။