Trending Now

ဖားကန့်မြို့နယ်အတွင်း ကျပ်သိန်းတစ်ထောင့်သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ

Spread the love

ဖားကန့်မြို့နယ်အတွင်း ကျပ်သိန်းတစ်ထောင့်သုံးရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ

EPN
ဖားကန့်၊ မေ ၂၈

ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့က မူးယစ်ဆေးဝါး ကျပ်သိန်း ၈ ထောင်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး ၎င်းအမှု၏ကွင်းဆက်အဖြစ် ယမန်နေ့က ကျပ်သိန်း (၁၃၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထပ်မံဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွင် ပန်းရောင်စိတ်ကြွဆေးပြား (၁၉၀)စီပါ (၁၄၀)ထုပ် ဆေးပြား စုစုပေါင်း (၂၆၆၀၀) ပြား ကာလတန်းဖိုးမှာ (၁၃၃,၀၀၀,၀၀၀) ရှိသည်ဟု သိရပြီး ၎င်းမူးယစ်ဆေးဝါးနှင့်အတူ ပါဝင်ပတ်သက်သူ (၂)ဦးကိုပါ လက်ရ ဖမ်းဆီးနိုင်ခဲ့သည်။

လက်ရှိတွင် အဆိုပါ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသူများဖြစ်သည့် ဦးဟော်ကျင်ရှော့ (၂၄)နှစ်၊ (ဘ) ဦးဟော်ပေါက်ရင်း၊ ရပ်ကွက်(၃)၊ ဆိပ်မူကျေးရွာ၊ ဖားကန့်မြို့နယ်နေသူနှင့် ၎င်းနှင့်လိပ်စာတူနေထိုင်သူ ဦးဂမ်ဆိုင်း၊ (၂၅)နှစ်၊ (ဘ) ဦးဇော်လိုင်ဆိုသူ တို့ကို ဖားကန့်မြို့မရဲစခန်းမှ မယ(ပ) ၇၄/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။