Trending Now

တရုတ်နိုင်ငံ၏ ယခုနှစ် ကာကွယ်ရေးဘတ်ဂျက်ကို ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မည်

Spread the love

တရုတ်နိုင်ငံ၏ ယခုနှစ် ကာကွယ်ရေးဘတ်ဂျက်ကို ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မည်

EPN
နိုင်ငံတကာ၊ မေ ၂၂

တရုတ်နိုင်ငံတွင် ယခုနှစ်၏ အကြီးမားဆုံးသော နိုင်ငံရေးအခမ်းအနားကို ကျင်းပလျက်ရှိသည်။ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ကို နှစ်လကျော်ကြာ ရွှေ့ဆိုင်းခဲ့သည်။
ဝန်ကြီးချုပ် လီခချန်းက တရုတ်နိုင်ငံတစ်ဝန်းမှ ပေကျင်းမြို့တော်၌ စုဝေးရောက်ရှိနေသည့် ထောင်ချီ သော ကိုယ်စားလှယ်များသို့ မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် လူပေါင်း ၄၆၀၀ ဝန်းကျင် သေဆုံးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်၏ဆိုးကျိုး ဖြစ်ပွားလင့်က စား သမ္မတ ရှီကျင့်ဖျင်၏ ဉီးဆောင်မှုအောက်တွင် အရေးပါသော မဟာဗျူဟာမြောက် အောင်မြင်မှုတစ်ခု ရရှိခဲ့ ကြောင်း လီခချန်းက ပြောသည်။

လီခချန်း၏မိန့်ခွန်းတွင် စီးပွားရေးအခြေအနေ ဆိုးရွားမှုကို အရိပ်အမြွက်ဖော်ပြနေသည်။ တရုတ်နိုင်ငံက တိုင်းပြည်စီးပွားရေးအတွက် ရည်မှန်းချက်တစ်ရပ် မသတ်မှတ်ခြင်းမှာ လွန်စွာ ရှားပါးလှသည်။

စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စေရန်နှင့် အခွန်လျှော့ခြင်း၊ ငွေကြေးပံ့ပိုးခြင်းနှင့်အတူ အလုပ်အကိုင် များဖန်တီးရန် အစိုးရက အလေးထားဆောင်ရွက်မည်ဟု သူက ဆိုသည်။ ဒေါ်လာ ၁၄၀ ဘီလီယံတန်ကြေးရှိ အစိုးရငွေချေးစားချုပ် တစ်ထရီလီယံကို ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် ထုတ်ပေးသွားမည်ဟု ၄င်းက ပြောသည်။

ယခုနှစ်အတွင်း တိုင်းပြည်၏ ကာကွယ်ရေးအသုံးစရိတ်ကို ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု လီခ ချန်းက ပြောသည်။

တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ယမန်နှစ်ဂျီဒီပီ ၇ ဒသမ ၅ ရာခိုင်နှုန်းထက် လျော့နည်းသော်လည်း စုစုပေါင်း အ သုံးစရိတ်မှာ ဒေါ်လာ ၁၇၈ ဘီလီယံအထိ ရောက်ရှိမည်ဖြစ်သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; National People’s Congress starts in Beijing


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။