Trending Now

ဗြိတိန်သို့ ရောက်လာသူအားလုံး နှစ်ပတ်ကြာ ရောဂါခြေချုပ်ဖြင့် ထားရှိမည်

Spread the love

ဗြိတိန်သို့ ရောက်လာသူအားလုံး နှစ်ပတ်ကြာ ရောဂါခြေချုပ်ဖြင့် ထားရှိမည်

EPN
နိုင်ငံတကာ၊ မေ ၉

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်မှု အစီအမံများဖြေလျော့ရန် အစိုးရအပေါ် ဖိအားပေးမှု ပိုမိုရှိလာလင့်ကစား နိုင်ငံတကာမှ ရောက်ရှိလာသူအများစုအတွက် နှစ်ပတ်ကြာ မလုပ်မနေရ ရောဂါ ခြေချုပ်စနစ် တစ်ခု ကျင့်သုံးရန် ဗြိတိန်နိုင်ငံက စီစဉ်လျက်ရှိသည်။

အိမ်နီးချင်း အိုင်ယာလန်မှ တိုင်းပြည်အတွင်း ဝင်ရောက်လာသူများမှလွဲ၍ ဗြိတိန်နိုင်ငံသို့ လေကြောင်း၊ ရေကြောင်း၊ မီးရထားဖြင့် ဆိုက်ရောက်လာသူအားလုံးမှာ နှစ်ပတ်ကြာ သီးသန့်ခွဲနေရန် လိုအပ်မည်ဟု မီဒီယာ များက ဖော်ပြခဲ့သည်။

စည်းမျဉ်းသစ်မှာ ခရီးသွားများ၏ နေရပ်လိပ်စာများ စစ်ဆေးမှုများပြုလုပ်ကာ အာဏာတည်စေမည်ဖြစ် ပြီး စည်းမျဉ်းချိုးဖောက်လျင် ပေါင် ၁၀၀၀ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်း အပါအဝင် ပြစ်ဒဏ်များပေးမည် ဖြစ်သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထိုအစီအမံများကို ဧပြီလ ၁၀ ရက်တွင် ကြေညာမည်ဖြစ်သည်။ နှစ်ပတ် ကြာ သီးသန့်ခွဲနေမှုကန့်သတ်ချက်ကို မေလအကုန်မှစ၍ သတ်မှတ်မည်ဟု အစိုးရသတင်းရပ်ကွက်များ၊ လေ ကြောင်းပို့ဆောင်ရေးအဖွဲ့ Airlines UK တို့ကို ကိုးကား၍ ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ရုပ်သံမိန့်ခွန်းမတိုင်မီ တစ်တိုင်းပြည်လုံး အသွားအလာကန့်သတ်မှု ချမှတ် ထားမှုတွင် အပြောင်းအလဲများရှိမည်မဟုတ်ဟု အစိုးရက သတိပေးခဲ့သည်။

ဝေလပြည်နယ်အစိုးရက ပန်းခြံများ၊ စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်များ ဖွင့်ဟခဲ့ သော်လည်း အသွားအလာကန့်သတ်မှုကို သုံးပတ်ကြာ ဆက်လက်ထားရှိမည်ဟု ပြောကြားခဲ့သည်။

–ကိုးကား–

အေအက်ဖ်ပီ
Ref; Britain to introduce two-week quarantine for arrivals: reports


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။