Trending Now

ဂျပန်နိုင်ငံမှာ မီးတောင် ပေါက်ကွဲလို့ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထား

Spread the love

ဂျပန်နိုင်ငံမှာ မီးတောင် ပေါက်ကွဲလို့ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထား

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၅

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုမှာရှိတဲ့ ဆာကူရာဂျီးမ မီးတောင်ဟာ ယမန်နေ့ ညနေပိုင်က ပေါက်ကွဲမှုတွေ စတင်ဖြစ်ပွားခဲ့လို့ အဏာပိုင်တွေက အနီးနားက ပြည်သူတွေကို အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ကျောက်တုံးတွေ ကျောက်ခဲတွေဟာ ၂ ဒသမ ၅ ကီလိုမီတာအကွာအဝေးထိ လွင့်ထွက်ခဲ့ပေမယ့် အနီးနားမှာရှိတဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

ဆာကူရာ မီးတောင်ဟာ ဂျပန်နိုင်ငံရဲ့ မီးတောင်တွေထဲက အကြီးဆုံးတစ်ခုဖြစ်လို့ အဏာပိုင်တွေက မီးတောင်အနီးမှာ ရှိတဲ့ မြို့နှစ်မြို့က ပြည်သူတွေကို ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

မိုးလေဝသဌာနက နောက်ထပ် ကြီးမားတဲ့ ပေါက်ကွဲမှုကို မျှော်လင့်မထားပါပေမယ့် ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပေးချက်အမြင့်ဆုံးအဆင့် (၅) ကို ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မိုးလေဝသအေဂျင်စီမှ တာဝန်ရှိသူ က ” ဆာကူရာမီးတောင်ဟာ မီးတောင်လှုပ်ရှားမှုတွေ ပြင်းထန်လာနေပါတယ်။ အနီးနားက မီးတောင်ကျောက်တုံးကြီးတွေ ပြိုကျတဲ့အတွက် လူနေရပ်ကွက်တွေမှာ အမြင့်ဆုံးသတိရှိထားသင့်ပါတယ်” လို့ သတိပေးခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ဆာကူရာမီးတောင်ဟာ ၁၉၁၄ ခုနှစ် မှာ အကြီးမားဆုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈၅ ဦးသေဆုံးခဲ့ပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။