Trending Now

အမျိုးသမီးတစ်ဦး ဈေးဝယ်ဟန်ဆောင်ပြီး ဆိုင်အတွင်းမှ ပိုက်ဆံအိတ် အလစ်သုတ်မှု မြစ်ကြီးနားတွင် ဖြစ်ပွား

Spread the love

အမျိုးသမီးတစ်ဦး ဈေးဝယ်ဟန်ဆောင်ပြီး ဆိုင်အတွင်းမှ ပိုက်ဆံအိတ် အလစ်သုတ်မှု မြစ်ကြီးနားတွင် ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၃

မြစ်ကြီးနားမြို့ ဈေးကြီး မြို့မရပ်ကွက်တွင်ရှိသော အိုဇုန်းအလှပြင်ဆိုင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသမီးတစ်ဦးမှ ဈေးဝယ်ဟန်ဆောင်ပြီး ဆိုင်အတွင်းမှ ပိုက်ဆံအိတ်တစ်လုံးကို အလစ်သုတ် ခိုးယူသွားကြောင်း အခိုးခံရသူထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့လယ် ၁၂ ခွဲအချိန်တွင် အမျိုးသမီးတစ်ဦးမှာ ဆိုင်အတွင်းရှိ ပစ္စည်းများကို ဝယ်ယူမည့်ပုံစံဖြင့် လိုက်ကြည့်နေပြီး ဆိုင်အတွင်း ဝန်ထမ်းများ ထမင်းစားနေချိန် ကောင်တာတွင် တင်ထားသည့် အိတ်တစ်လုံးကို အလစ်သုတ် ခိုးယူထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းအိတ်ထဲတွင် Iphone ဖုန်းတစ်လုံး၊ ဘဏ်စာအုပ်အပြင် ATM ကဒ်နှင့် မှတ်ပုံတင်များ ပါသွားကြောင်း အခိုးခံရသည့်ပိုင်ရှင်ထံမှ သိရသည်။

“သူက ဈေးဝယ်မယ်လိုလိုနဲ့ ဟိုပတ်ဒီပတ်လျှောက်ကြည့်နေတာ၊ မျက်နှာလည်းမပြဘူး Maskကြီးတပ်ပြီး လိုက်ကြည့်နေတာ အဲ့ဒီချိန်က ဆိုင်ဝန်ထမ်းနှစ်ယောက်က ထမင်းစားနေလို့ ဆိုင်ထဲမှာက တစ်ယောက်ပဲရှိတာ အဲ့ချိန်မှာ ကောင်တာမှာ တင်ထားတဲ့ အိတ်ကို ယူသွားတာ၊ ဆိုင်ထဲဝင်လာတာ သူတစ်ယောက်ထဲပဲ အပြင်မှာတော့ ဘယ်နှယောက်ရှိမလဲ မသိဘူး၊ အပြင်မှာ CCTV မတပ်ထားတော့ မသိရတော့ဘူး၊ အိတ်ထဲမှာက Iphone ဖုန်းတစ်လုံးရယ်၊ ဘဏ်စာအုပ်တစ်ခုရယ်၊ ATM ကဒ်ရယ် ပြီးတော့ မှတ်ပုံတင်လည်း ပါသွားတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ တပ်ကုန်းရပ်ကွက်တွင် အမျိုးသမီးတစ်ဦးထံမှ ဆယ်ကျော်သက်အရွယ်ရှိ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးက ပိုက်ဆံအိတ်လုပြေးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။