Trending Now

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအား မည်သည့် တတိယနိင်ငံကိုမျှ ဝင်ရောက်စွက်ဖက်ခံမည်ဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

Spread the love

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုအား မည်သည့် တတိယနိင်ငံကိုမျှ ဝင်ရောက်စွက်ဖက်ခံမည်ဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

 

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်နိုင်ငံခြားရေးရာကော်မရှင်ရုံးညွှန်ကြားရေးမှူး ဝမ်ယိ နှင့် ရုရှားနိုင်ငံ မော်စကို၌ ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံသည်။

ခေတ်သစ်တစ်ခုအတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့် တတိယနိုင်ငံကိုမျှ ပြစ်မှတ်ထားခြင်းမရှိသလို မည်သည့် ပြင်ပအဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်းများကိုလည်း သည်းခံမည်မဟုတ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

တရုတ်-ရုရှား ဆက်ဆံရေးသည် ခိုင်မာသော နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အခြေခံအုတ်မြစ်ဖြစ်သလို အတိတ်က အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပါကလည်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆက်ခဲ့ကြသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒင် ယူကရိန်းကို ရုတ်တရက် သွားနောက်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဝမ်ယိက ရုရှားနိုင်ငံသို့သွားရောက်ကာ တရုတ်-ရုရှား မဟာဗျူဟာမြောက်ဆက်ဆံရေးကို မီးမောင်းထိုးပြခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားနှင့်အနောက်အုပ်စုကြား ယူကရိန်းစစ်ပွဲကြောင့် ဆက်ဆံရေး ပျက်ပြားနေသလို တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည်လည်း သိသိသာသာတင်းမာမှုများ ဖြစ်ပေါ်နေသည်။

ရုရှားသမ္မတပူတင်နှင့် ဝမ်ယိတို့က ယူကရိန်းပြဿနာအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်မှုအတွင်း ဆွေးနွေးခဲ့ကြပြီး စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ပြဿနာများကို ဖြေရှင်းရန် ရုရှားက ဆန္ဒရှိကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

အမေရိကန်နှင့် နေတိုးတို့သည် ရုရှားစစ်ပွဲအတွက် တရုတ်က လက်နက်များ သို့မဟုတ် အခြားအထောက်အပံ့များ ပံ့ပိုးပေးမည်ကို စိုးရိမ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သော်လည်း တရုတ်က ယင်းကဲ့သို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုထားသည်။

Ref; China-Russia partnership never targets any third party: Senior diplomat

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။