Trending Now

မိုးကောင်း အ.ထ.ထ(၁)ကျောင်း၌ Facility Quarantine Centre ဖွင့်လှစ်သွားမည်

Spread the love

မိုးကောင်း အ.ထ.ထ(၁)ကျောင်း၌ Facility Quarantine Centre ဖွင့်လှစ်သွားမည်

EPN
မိုးကောင်း၊ မေ ၁၀

မိုးကောင်းမြို့တွင် လက်ရှိ ဖွင့်လှစ်ထားသော အ.ထ.က (၂) Facility Quarantine Centre ဖြင့် မလုံလောက်သဖြင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ၌ Facility Quarantine Centre ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးကောင်း အ.ထ.က (၁) Facility Quarantine Centre ကို မေလ ၁၂ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မိုးကောင်းမြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

“ဒီမှာကတော့ ထိုင်းကပြန်လာသူတွေနဲ့ပြည်တွင်းခရီးသွားလာသူတွေကို ရန်ကုန်က လာသူတွေကို အဓိကထားစောင့်ကြည့်မှာဖြစ်ပါတယ်”ဟု ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံက ဆိုသည်။

အဆိုပါ မိုးကောင်းမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မဏိပညာ ကျောင်းဆောင်တွင် Facility Quarantine Centreထပ်မံဖွင့်လှစ်ရန် မေ (၁၀)ရက် ညနေပိုင်းက (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်း ဦးစီးသော ကော်မတီအဖွဲ့မှ ပြည်တော်ပြန်များနှင့် ပြည်တွင်းခရီးသွားလာသူ ရန်ကုန်၊ မန္တလေးအစရှိသည့် ပြည်တွင်းခရီးမှ ပြန်လာသူများကို (၂၁)ရက်စောင့်ကြည့်မှုခံယူရန် လူဦးရေ (၅၀)စာ အတွက် မီးသတ်၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ ​ေထွအုပ်ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များမှ ပြင်ဆင်ဆောင်ရွက်ခဲ့သည်။

လက်ရှိ မိုးကောင်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် (၂၁)ရက် စောင့်ကြည့်မှု ခံယူနေသူ (၆၀)ဦးခန့် ရှိကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။