Trending Now

ဘားအံမြို့နယ်တွင် ခရီးသည်တင် Hiace ကား ဖောင်ဖြင့်ကူးစဥ် ရေထဲထိုးကျ၍ ကားမောင်းသူ ပျောက်ဆုံးနေ

Spread the love

ဘားအံမြို့နယ်တွင် ခရီးသည်တင် Hiace ကား ဖောင်ဖြင့်ကူးစဥ် ရေထဲထိုးကျ၍ ကားမောင်းသူ ပျောက်ဆုံးနေ

EPN
ဘားအံ၊ ဧပြီ-၆ (၂၀၂၄)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရေယာဥ်ဆိပ် ကမ်းတစ်ခု၌ ယမန်နေ့ (ဧပြီ ၅ ရက်)၊ ညနေပိုင်းက ခရီးသည်တင် Hiace ကား ဖောင်ဖြင့်ကူးစဥ် ရေထဲထိုးကျသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့ (ကရင်ပြည်နယ်)မှ သိရသည်။

ယမန်နေ့၊ ညနေ ၄ နာရရီခွဲခန့်က ဘားအံမြို့နယ်၊ ဒူရိန်ကျေးရွာရှိ ဒူရိန်ရေယာဥ်ဆိပ်ကမ်းတွင် “မြို့ရွှေထားဝယ်” ယာဥ်လိုင်းမှ ခရီးသည်တင် Hiace ကားသည် ဖောင်ကူးနေစဥ် ရေထဲသို့ ထိုးကျသွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ကရင် ပြည်နယ်)တို့မှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

” ကားက ဖောင်ကူးနေတုန်း ရေထဲထိုးကျသွားတာ။ ကားမောင်းတဲ့လူက ကားနဲ့အတူ ပါသွားတာ။ လက်တလော ရေထဲထိုးကျသွားတဲ့ကားကို ပြန်တွေ့ပြီ။ ကားမောင်းတဲ့လူကို မတွေ့ရသေးတဲ့အတွက် ရှာဖွေနေပါတယ်။ ည ၁၁ နာရီလောက်အထိ ရှာခဲ့ပေမယ့် မတွေ့သေးပါဘူး ” ဟု လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်အား ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသဖြင့် Hiace ကားအား ည ၈ နာရီခန့်တွင် ရေအောက်မှ တွေ့ရှိခဲ့ရပြီး၊ ကမ်းပေါ်သို့ဆယ်တင်ခဲ့ရာ ည ၁၂ နာရီခန့်၌ ဆယ်တင်နိုင်ခဲ့ကာ ပျောက်ဆုံးနေသည့် ကားမောင်းသူအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။