Trending Now

ခါကိဗ် မှာ ဆုတ်ခွာမှုတွေရှိပေမဲ့ ဆက်လက်ထိုးစစ်ဆင်မယ် လို့ ရုရှားပြော

Spread the love

ခါကိဗ် မှာ ဆုတ်ခွာမှုတွေရှိပေမဲ့ ဆက်လက်ထိုးစစ်ဆင်မယ် လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၄

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသဖြစ်တဲ့ ခါကိဗ် မှာ လတ်တလော ဆုတ်ခွာမှုတွေရှိနေပေမဲ့လည်း ယူကရိန်း စစ်ဆင်ရေး ဆက်လက်လုပ်သွားမယ့် ဆုံးဖြတ်ချက်ကို ရုရှားက ထပ်လောင်းပြောဆိုလိုက်ပါတယ်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရိပတ်စ်ကော့ဗ် က ရည်မှန်းချက်တွေအားလုံးရောက်တဲ့အထိ စစ်ဆင်ရေးတွေကို ဆက်လုပ်သွားမယ်လို့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။

ယူကရိန်းတို့ရဲ့တန်ပြန်ထိုးစစ်တွေက ရုရှားတပ်ဖွဲ့တွေ ခါကိဗ် ဒေသကနေ ဆုတ်ခွာရတဲ့အနေအထားကို ရောက်နေပုံရပြီး အမေရိကန်မှာရှိတဲ့ စစ်ပွဲလေ့လောရေး အင်စတီကျု့ကလည်း ခါကိဗ် ဒေသက နေရာအများစုဟာ ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေပြီလို့ ဆိုပါတယ်။

ရုရှားရဲ့ ရှေ့တန်းစခန်းတွေအတွက် ထောက်ပို့လမ်းကြောင်း ဖြစ်တဲ့ ခါကိဗ်ဒေသက ဗျူဟာမြောက်စခန်း အီဇီယံ မြို့ကို ယူကရိန်းတို့က ပြန်ပြီး ထိန်းချုပ်လိုက်ပြီလို့ အဲဒီအဖွဲ့က ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့တပ်ဖွဲ့တွေဟာ အီဇီယံမြို့ ကနေ ပြန်လည်စုဖွဲ့ဖွယ်ရှိတယ်လို့ ခပ်စောစောပိုင်းက ကြေညာခဲ့ပါတယ်။

ခါကိဗ်ဒေသ မှာရှိတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးအုပ်စုတစ်စုရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးက ဒေသတွင်းမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့အင်အားဟာ ရုရှားတပ်ဖွဲ့တွေထက် ၈ ဆ ပိုများတယ်လို့ ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။ အရပ်သား ၅,၀၀၀ လောက်ဟာ ရုရှားပိုင်နက် နယ်နိမိတ်ထဲကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီလို့ သူက ဆိုပါတယ်။

ရုရှားသမ္မတရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက သမ္မတ ဗလာဒီမာ ပူတင် ဟာ ဥဇဘက်ကစ္စတန်ကို မထွက်ခွာမီ စစ်ပွဲအခြေအနေကို ဆွေးနွေးဖို့ သူ့ရဲ့ နိုင်ငံ့လုံခြုံရေးကောင်စီနဲ့ အစည်းအဝေးကျင်းပဖို့ရှိတယ်လို့ ပြောပါတယ်။

အာရှတိုက်အလယ်ပိုင်းမှာရှိတဲ့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ ကြာသပတေးနေ့မှာ စတင်မယ့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို မစ္စတာ ပူတင် တက်ရောက်မယ်လို့ တွက်ဆရပါတယ်။

Source – NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။