Trending Now

ဆန္ဒပြမှုများ အရှိန်မြှင့်လာလျင် နှိမ်နင်းရန် အမေရိကန်တပ်ဖွဲ့များ အဆင်သင့်ရှိဟု သမ္မတ ဒေါ်နယ်ထရမ့် ပြော

Spread the love

ဆန္ဒပြမှုများ အရှိန်မြှင့်လာလျင် နှိမ်နင်းရန် အမေရိကန်တပ်ဖွဲ့များ အဆင်သင့်ရှိဟု သမ္မတ ဒေါ်နယ်ထရမ့် ပြော

EPN
နိုင်ငံတကာ၊ မေ ၃၁

မင်နီဆိုးတားပြည်နယ်၊ မင်နီပူးလစ်မြို့တွင် လူမည်းအမျိုးသားတစ်ဦး ထိန်းသိမ်းခံနေရစဉ် သေဆုံးမှုနှင့် ပတ်သက်၍ တိုင်းပြည်တစ်ဝန်း ပြင်းထန်သော ဆန္ဒပြမှုများ ပျံ့နှံ့လာစဉ် တပ်မတော်ကို အဆင်သင့်ပြင်ဆင်ထား ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ဗွီဒီယိုဖိုင်တစ်ခုအတွင်း လူဖြူရဲအရာရှိတစ်ဉီးက အသက်ပြင်းပြင်းရှူနေရသည့် လူမည်းအမျိုးသား ဂျော့ ဖလွိုက်၏လည်ပင်းကို နင်းထားပုံကို မြင်တွေ့ခဲ့ရသည်။ ဂျော့ဖလွိုက်မှာ နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် မင်နီပူးလစ်ရဲတပ်ဖွဲ့မှာ ပြင်းထန်သော ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရသည်။

ကုန်စံဆိုင်များ လုယက်ခံရကာ ရဲတပ်ဖွဲ့ပိုင် အဆောက်အအုံတစ်လုံး မီးရှို့ခံရပြီးနောက် မင်နီဆိုးတား ပြည်နယ် အုပ်ချုပ်ရေးမှူးက ည ၈ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကြေညာခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆန္ဒပြမှုများက အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပြီးခဲ့သည့် မေ လ ၂၉ ရက်က လော့အိန်ဂျလိစ်မြို့တွင် စျေးဆိုင်အချို့ လုယက်ခံရပြီးနောက် လူ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည် ဟု ရဲတပ်ဖွဲ့က ပြောသည်။

အော့ကလန်မြို့တွင် ဆန္ဒပြရာနေရာတစ်ခုအနီးရှိ ဖက်ဒရယ်အဆောက်အအုံတွင် လုံခြုံရေးအစောင့်တစ် ဉီး ပစ်သတ်ခံရမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဝါရှင်တန်ဒီစီမြို့တော်တွင်လည်း ဆန္ဒပြသူ ၅၀၀ ခန့်က လွှတ်တော်အဆောက်အအုံသို့ ချီတက်ခဲ့ကြပြီး ရဲ တပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း သံပြိုင်ဟစ်ခဲ့ကြသည်။

အကြမ်းဖက်ဆန္ဒပြသူများကို နှိမ်နင်းရန် အမျိုးသားအစောင့်တပ်ဖွဲ့အပြင် အမေရိကန်တပ်ဖွဲ့များကိုပါ ဖြန့်ကြက်နိုင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အရိပ်အမြွက်ပြောကြားခဲ့သည်။

ဒေသန္တရအစိုးရများက နိုင်နိုင်နင်းနင်း ကိုင်တွယ်သင့်ကြောင်း၊ လိုအပ်ပါက အမေရိကန်တပ်ဖွဲ့များ အ ဆင်သင့်ရှိကြောင်း ၄င်းက မေလ ၃၀ ရက်တွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

–ကိုးကား–
အင်န် အိတ်ချ်ကေ
Ref; Trump: Military ready as protests intensify


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။