Trending Now

ဖားကန့်တွင် မြေသယ်ကား ဘီးကျွတ်ကာ ရှေ့မှမောင်းနှင်နေသည့် ကားတစ်စီးအား ထိမှန်မှုကြောင့် ကားပေါ်ပါ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

Spread the love

ဖားကန့်တွင် မြေသယ်ကား ဘီးကျွတ်ကာ ရှေ့မှမောင်းနှင်နေသည့် ကားတစ်စီးအား ထိမှန်မှုကြောင့် ကားပေါ်ပါ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာတွင် ဒီဇင်ဘာလ (၁၆)ရက်နေ့ ညနေ (၄)နာရီခန့်က မြေသယ်ကားရှေ့ဘီးကျွတ်ကာ ရှေ့မှ မောင်းနှင်နေသည့် ကားတစ်စီးအား ထိမှန်မှုကြောင့် ကားပေါ်ပါ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မနကျေးရွာ ရွာလယ်လမ်းမကြီးအဝင်တွင် ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီတစ်ခု၏ မြေသယ်ယာဉ် ဆယ်ဘီးကားမှ ရှေ့ဘီးကျွတ်ကာ ရှေ့ရှိ လားရာတူ မောင်းနှင်နေသည့် အိမ်စီးကား နောက်ခြမ်းပိုင်းကို ထိမှန်ခဲ့ပြီး ကားပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

“ရွာအဝင်လမ်းမကြီးမှာဖြစ်တာ ၊ မြေသယ်ကားကြီးရဲ့ ရှေ့ဘီး ကျွတ်လာပြီး ရှေ့က အိမ်စီးကား တစ်စီးရဲ့ နောက်ခြမ်းကို ထိသွားတာ၊ ကားက ဖိုးဝီးဟုတ်တယ် ၊ ကားရဲ့ နောက်ခြမ်တစ်ခုလုံးလဲ ကြေမွသွားတယ်၊ ၊ အဲ့နောက်ပိုင်းမှက လူနှစ်ရောက်ပါလာတာ၊ တစ်ယောက်က အနည်းငယ် ထိခိုက်ရုံပဲ ၊ တစ်ယောက်ကတော့ စိုးရိမ်ရအခြေအနေအထိဖြစ်သွားတယ်၊ ဘီးကျွတ်တဲ့ကာလဲ မှောက်သွားတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးအနက် အသက် (၃၀)အရွယ်ရှိ စိုးရိမ်ရသည့် အမျိုးသားကို ဖားကန့်မြို့နယ် ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် မြေသယ်ကားမောင်နှင်လာသည့် ကားသမားမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများတွင် မြေသယ်ယာဉ်များဖြတ်သန်းသွားလာမှုများကြောင့် မကြာခဏ ယာဉ်တိုက်မှုများ ဖြစ်ပေါ်လျှက်ရှိပြီး အချို့ ကျေးရွာရပ်ကွက်အတွင်းရှိ တံတားများ မှာလည်း ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။