Trending Now

စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်းကျောင်းသို့ အကြမ်းဖက်သမားများက ဝင်ရောက်ကာ သင်ထောက်ကူပစ္စည်းများဖျက်ဆီး

Spread the love

စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်းကျောင်းသို့ အကြမ်းဖက်သမားများက ဝင်ရောက်ကာ သင်ထောက်ကူပစ္စည်းများဖျက်ဆီး

EPN
မြစ်ကြီးနား၊ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းသို့ အကြမ်းဖက်သမားများက ဇွန် ၅ ရက် ညနေပိုင်း အချိန်တွင် ခိုးဝင်ရောက်ကာ စာသင်ခန်းအတွင်းရှိ သင်ထောက်ကူပစ္စည်းများ ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ထားသည်။

ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅ ဦး တက်ရောက်ပညာသင်ကြားနေသည့် တစ်အိမ်တည်းကျေးရွာ စာသင်ခန်းများအတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များ၊ ပုံနှိပ်စာအုပ်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများကို အကြမ်းဖက်သမားများက ဖျက်ဆီးသွားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ကျောင်းဆရာ၊ ဆရာမများအား ယုတ်မာရိုင်းစိုင်းစွာ ဆဲဆိုထားသည့် စာသားများဖြင့် ရေးသား၍ နှောက်ယှက်ခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ထိုကဲ့သို့ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးခဲ့သော အကြမ်းဖက်သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။