Trending Now

မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်လို့ သံသယရှိတဲ့အရာကို ပစ်ခတ်စမ်းသပ်ခဲ့

Spread the love

မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်လို့ သံသယရှိတဲ့အရာကို ပစ်ခတ်စမ်းသပ်ခဲ့

EPN
နိုင်ငံတကာ၊ ဧပြီ ၂

မြောက်ကိုရီးယားဟာ ဒီနေ့မနက်ပိုင်းက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစ်စင်းကို အရှေ့ဘက်ကမ်းရိုးတန်းပင်လယ်ထဲသို့ ပစ်လွတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

အင်္ဂါနေ့ နံနက် ၆ နာရီ ၅၃ မိနစ်အချိန်မှာ မြောက်ကိုရီးယားက တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်အမျိုးအစား ပစ်လွတ်ခဲ့တာကို တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထောက်လှမ်းမိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါဒုံးကျည်ဟာ ပင်လယ်ထဲသို့ မကျရောက်မီ ကီလိုမီတာ ၆၀၀ (၃၇၂ မိုင်) ခန့် ပျံသန်းခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အပြင်ဘက်မှာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက နိုင်ငံတော်ကာကွယ်ရေးစွမ်းရည်မြှင့်တင်ဖို့အတွက် အသံထက်မြန်တဲ့ တာလတ်ပစ်ဒုံးကျည်အမျိုးအစားသစ်အတွက် မြေပြင်စမ်းသပ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ပိုမိုနီးကပ်တဲ့ စစ်ဘက်ဆိုင်ရာ ချိတ်ဆက်မှုတွေ လုပ်ဆောင်လာမှာကို စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတဲ့ကြား အမေရိကန်နဲ့ သူ့ရဲ့ အဓိက အာရှမဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့ဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နေပါတယ်။

ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ယူကရိန်း တာဝန်ရှိသူတွေက မြောက်ကိုရီးယားဟာ ရုရှားကို ဒုံးကျည်ကဲ့သို့သော လက်နက်တွေ ပေးအပ်ခဲ့တယ်လို့ စွပ်စွဲထားပြီး ပြုံယမ်းနဲ့ မော်စကိုတို့က အဆိုပါစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

 

ဂျပန်ဝန်ကြီးချုပ်က အင်္ဂါနေ့က ဒုံးကျည်ပစ်လွှတ်မှုအပေါ် ရှုတ်ချကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပြီး မြောက်ကိုရီးယားက ဂျပန်နဲ့ ဘယ်လိုထိပ်သီးဆွေးနွေးပွဲကိုမှ စိတ်ဝင်စားခြင်းမရှိဘူးလို့ မကြာသေးမီက ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံကြား ရန်လိုနေတဲ့ ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

Ref;Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။