Trending Now

ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးမိသားစုများမှ စာသင်ကျောင်းရှိ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများအား အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးမှုပြုလုပ်

Spread the love

ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးမိသားစုများမှ စာသင်ကျောင်းရှိ ဆရာ/ ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများအား အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးမှုပြုလုပ်

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ အ.မ.က (၁၂)နှင့် အ.မ.က (၂) စာသင်ကျောင်းများတွင် ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်း အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေး ခြင်းကို ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်ကာ အပတ်စဉ်တနင်္လာ နေ့တိုင်း အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား/ ကျေားင်းသူ ဦးရေ (၂၂၉) ဦးနှင့် အမှတ် (၂) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ ဦးရေ (၃၅၁) ဦးတို့အား ဆန်ပြုတ်တိုက်ကျွေးခြင်း ပြုလုပ်ပေးပြီး၊ စာသင်ကြားပို့ချပေးနေသည့် ဆရာ/ ဆရာမများကိုလည်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးခြင်းကို ပြုလုပ်ပေးသည်မှာ လေးကြိမ်မြောက်ရှိပြီဖြစ်ကြောင်းနှင့် ယင်းလှူဒါန်းမှုအတွက် အလွန်ဝမ်းသာပီတိဖြစ်ရပါကြောင်းကို အမှတ် (၁၂) အခြေခံပညာ မူလတန်းကျောင်းမှ ကျော်းအုပ်ဆရာကြီး ဦးသိန်းနိုင်ဦးမှ ပြောကြားသည်။

“ ကျွန်တော်တို့ကျောင်းမှာ လှူဒါန်းမှုလုပ်ပေးတာဆိုရင် အခုကြိမ်နဲ့ဆို လေးကြိမ်ရှိပြီ။ ကျောင်းသား/ ကျောင်းသူ (၂၂၉) ဦးတို့ကို အာဟာရရှိတဲ့ ဆန်ပြုတ်ကို တိုက်ကျွေးမှု ပြုလုပ်ပေးတာပေါ့။ ဒီလိုလာရောက်ပြီး လှူဒါန်းမှုတွေ လုပ်ဆောင်ပေးတဲ့ ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံး မိသားစုကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ” ဟု ၎င်းကဆိုသည်။

ယနေ့ပြုလုပ်သော လူဒါန်းမှုများကို ဆက်ဆံရေးရုံးမှ အရာရှိ ဦးခင်မောင်ကျော်ကိုယ်တိုင် လာရောက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား ခွန်အားပေးစကားများ၊ ဆုံးမဩဝါဒ စကားများကို အ.မ.က (၁၂)နှင့် အ.မ.က (၂) စာသင်ကျောင်းနှစ်ကျောင်းတွင် ဟောပြောပေးခဲ့ကြောင်း သိရသည်။

ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးမိသားစုမှ ကျောင်းသား/ ကျောင်းသူများအား အစာအာဟာရဒါနဖြစ်သော ဆန်ပြုတ်တိုက်ကျွေးခြင်းကို ယခုနှစ် ဩဂုတ်လမှ စတင်ကာ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်ကုန်အထိ အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သံလွင်

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။