Trending Now

ဖားကန့်မြို့နယ် စပျစ်ကူးရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

Spread the love

ဖားကန့်မြို့နယ် စပျစ်ကူးရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

EPN
ဖားကန့်၊ ဇူလိုင် ၂၆

ဖားကန့်မြို့နယ်၊ စပျစ်ကူးကျေးရွာ ရပ်ကျေးတာဝန်ခံ ဦးအောင်လင်းအား ဇူလိုင်လ ၂၄ ရက်နေ့၊ ည ၇နာရီ အချိန်ခန့်တွင် KIA၊ PDF အကြမ်းဖက်အဖွဲ့မှ ၎င်း၏နေအိမ် လာရောက်ခေါ်ဆောင်ပြီး ‌ဝှေခါသွားလမ်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ‌ရပ်ကွက်နေပြည်သူများ ပြောဆိုချက်အရ သိရသည်။

စပျစ်ကူးရပ်ကျေးတာဝန်ခံ အသက် (၅၆) နှစ်အရွယ်ရှိ ဦးအောင်လင်းသည် ကျန်းမာရေးမကောင်းသူ တစ်ဦးဖြစ်ပြီး၊ ၎င်းသည် နေအိမ်၌ ရှိနေစဉ် KIA၊ PDF အကြမ်းဖက်အဖွဲ့မှ ဇူလိုင်လ (၂၄) ရက်နေ့၊ ည ၇ နာရီ အချိန်တွင် လူလေးယောက်ခန့် ရောက်ရှိလာပြီး ဦးအောင်လင်းအား ဝှေခါလမ်းတွင် သတ်ဖြတ် ပစ်ထားခဲ့ကြာင်း စပျစ်ကူးကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

” ဦးအောင်လင်းက လိပ်ခေါင်းရောဂါ ဖြစ်နေတာ ကြာပြီ။ ကျန်းမာရေး မကောင်းဘူး။ ရပ်ကျေးတာဝန်လည်း သိပ်မလုပ်နိုင်ဘူးပေါ့။ သူ့ကျန်းမာရေးကြောင့် နားနေတာ။ အဲ့ဒါကို ဘာကြောင့်ခေါ်သွားပြီး အခုလို ရက်ရက်စက်စက် သတ်ပြစ်ရတာလည်း မသိဘူး။ ကားလည်းယူသွားတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ရှင်းပြသည်။

စပျစ်ကူး ရပ်ကျေးတာဝန်ခံအား ဝှေခါသွားလမ်းတွင် ‌ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် လည်းကောင်း၊ ခန္ဓာကိုယ်၊ မျက်နှာတို့တွင်လည်း ထိုးကြိတ်ညိုမဲ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

KIA၊ PDF အကြမ်းဖက်အဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း ဆိပ်မူကျေးရွာတာဝန်ခံ တစ်ဦးအား သတ်ဖြတ်ခဲ့ပြီး ရပ်ကျေးတာဝန်ခံများ အမြန်ဆုံးနှုတ်ထွက်ကြရန် ခြိမ်းခြောက်စာများ ပေးပို့ခဲ့၍ အချို့ ရပ်ကျေးတာဝန်ခံများ တရားဝင် နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် လပိုင်းအတွင်းက ရပ်ကျေးတာဝန်ခံများအား သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေကြေးတောင်ခံခြင်း၊ ဓါးပြတိုက်ခြင်း များ ဖြစ်ပွားခဲ့ပြီး ဇူလိုင်အတွင်း၌လည်း အလာတူ ဓါးပြတိုက်၊ သတ်ဖြတ်မှုများကို မကြာခဏ ကျူးလွန်နေကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။