Trending Now

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနောက်ကွယ်က အကြောင်းတရား (၂)

Spread the love

 

 
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနောက်ကွယ်က အကြောင်းတရား (၂)

EPN
ဆောင်းပါး၊ ဇူလိုင် ၁၈ (၂၀၂၀)
(ဗိုလ်ကျရေးသည်)

ဒီအပတ်မှာတော့ ပြီးခဲ့တဲ့အပတ်က ရေးသားခဲ့တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနောက်ကွယ်က အကြောင်းတရား ဆိုတဲ့ ဆောင်းပါးအပိုင်း ၁ရဲ့ အဆက်ကို ပြန်လည် ရေးသားတင်ဆက်ပေးသွားပါမယ်။ တကယ်တော့ လျှပ်စစ်ထုတ်လုပ်ပေးတယ်ဆိုတာ လျှပ်စစ်များများရဖို့ တစ်ခုတည်းမဟုတ်ဘဲ ဓာတ်အားစနစ်ကို ကောင်းမွန်အောင် ထိန်းချုပ်နိုင်မယ့် အခြေအနေဖြစ်အောင်လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဓာတ်အားစနစ်ကို ငြိမ်အောင်ထိန်းဖို့ဆိုတာ ရေအားလျှပ်စစ်ကသာ လုပ်ပေးနိုင်တယ်လို့ လျှပ်စစ်ကဏ္ဍမှာ ကျွမ်းကျင်ပညာရှင် တွေက ပြောပါတယ်။

ဒီကနေရာမှာ ရေအားလျှပ်စစ်ကြောင့် နိုင်ငံတစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံ အကြောင်းကို အကျဉ်းချုပ်တင်ပြချင်ပါတယ်။ ၂၀၁၆ ခုနှစ်စာရင်းအရ လူဦးရေ ၁၀၂ ဒသမ ၄ သန်းရှိ ပြီး နိုင်ငံအကျယ်အဝန်း ဧရိယာ စတုရန်းမိုင်ပေါင်း ၄၂၀၀၀၀ ရှိတဲ့ အီသီယိုးပီးယားနိုင်ငံဟာ အာဖရိကတိုက်ရဲ့ အရှေ့မြောက်ပိုင်းမှာရှိပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပါတယ်။ ၁၈၈၉ ခုနှစ်မှာ အီတလီ ကိုလိုနီဖြစ်ခဲ့ပြီး လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

၁၈၈၈ ခုနှစ်နှင့် ၁၈၉၂ ခုနှစ်ကြားမှာ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့တဲ့နိုင်ငံဖြစ်ပြီး အငတ်ဘေးကြီး တစ်ခုကြုံတွေ့ခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံအကြောင်း တင်ပြတာမဟုတ်လို့ အသေးစိတ် ကိုတော့ မပြောလိုတော့ပါ။ အဲဒီနောက်ပိုင်းမှာ အီသီယိုးပီးယားနိုင်ငံဟာ အဖက်ဖက်မှာ ကပ်ဘေးတွေ ကြောင့် နိုင်ငံချွတ်ခြုံကျခဲ့ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာ ကမ္ဘာ့အဖွဲ့အစည်းတွေက စားနပ် ရိက္ခာ၊ သောက်သုံးရေ၊ ရေအားလျှပ်စစ်ကိုတွဲပြီး ဆောင်ရွက်မယ့် ဆည်တွေ၊ တမံတွေကို စီမံချက် ရေးဆွဲပြီး ကူညီပေးဖို့အထိ စဉ်းစားခဲ့တယ်။ ဒါပေမယ့် No Dam သမားတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီလိုနဲ့ အီသီယိုးပီးယားနိုင်ငံဟာ နိုင်ငံအတွင်း အကြပ်အတည်းဒဏ်ကို ခါးသီးစွာ ခံစားခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်အထိ နိုင်ငံဟာ ငြိမ်သက်မှုမရှိခဲ့ဘူးလို့ လေ့လာရပါတယ်။ အဲလို နိုင်ငံမတည်ငြိမ်ကနေ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုပါ အကြီးအကျယ်ထိခိုက်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖွံ့ဖြိုးရေး လုပ်ငန်းကို လုပ်ဆောင်ဖို့ရန် နိုင်ငံတာဝန်ရှိသူတွေက ကမ္ဘာ့အဖွဲ့အစည်းတွေနှင့် ချိတ်ဆက်ပြီး စီမံကိန်းတွေ၊ ပရောဂျက်တွေကို ခွင့်ပြုစေခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဆောင် ရွက်ခဲ့ပါတယ်။

အဲဒီနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းမှာ လျှပ်စစ်ဓာတ်အားဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ်ဆိုတဲ့ အချက်ကို နားလည်ခဲ့ပြီးနောက် အခုလက်ရှိအချိန်မှာ နိုင်ငံနှင့် လိုက်လျောညီထွေရှိမယ့် ရေအားလျှပ် စစ်စီမံကိန်း တွေကို အားပြုဖို့ စီ စဉ်နေပါပြီ။ အီသီယိုးပီးယားနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း လျှပ်စစ်တပ်ဆင် အင်အား စုစုပေါင်း ၄၃၀၀ မဂ္ဂါဝပ် ဖြစ်နေတဲ့အထဲက ယခုဆို အဲဒီထက်မက မဂ္ဂါဝပ် မြောက်များစွာ ထုတ်ယူနိုင်ဖို့ စိုင်းပြင်း နေကြပါပြီ။ အဲဒီထဲမှာ ရေအားလျှပ်စစ်ကနေ မဂ္ဂါဝပ် တစ်သောင်းကျော်ကို ထုတ်ယူနိုင်ဖို့ ပြင်ဆင် နေကြပါတယ်။
အဓိက လုပ်နေတာတွေကလည်း နိုင်းမြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ Blue River ပေါ်မှာ အဓိကထားပြီး ရေအားလျှပ်စစ်ကို တည်ဆောက်နေတာပါ။ ဒါ့အပြင် အကြီးဆုံးစက်ရုံ စီမံကိန်းဖြစ်တဲ့ Great Milleminum Project ဆိုရင် မဂ္ဂါဝပ် ၅၀၀၀ ကျော်တောင်ရှိပါသေးတယ်။ နိုင်းမြစ်ဆိုတာဟာ ရေခွဲဝေ သုံးစွဲရေးအတွက် ကမ္ဘာပေါ်မှာ တန်ဖိုးထားနေရတဲ့ အာဖရိကရဲ့ အကြီးဆုံးမိခင်မြစ်ကြီးပဲ ဖြစ်ပါတယ်။ အလျား ၆၈၅၃ ကီလိုမီတာ ရှည်လျားတယ်လို့ ဆိုပါတယ်။ တစ်ချို့ အကျယ်ဆုံးနေရာများမှာ ၂ မိုင်ခန့် အထိ ကျယ်ဝန်း တယ်လို့ သိရပါတယ်။

အခု အဲဒီ Blue River မြစ်ပေါ်မှာ ရေအားလျှပ်စစ် မြောက်များစွာရှိနေပြီး ဆက်ပြီးမှ တည်ဆောက်ဖို့လည်း လုပ်ဆောင်နေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။

အီသီယိုးပီးယားရဲ့ ရည်ရွယ်ချက်ဟာ သူ့နိုင်ငံမှာရှိတဲ့ ရေအားအရင်းအမြစ်တွေကို အကျိုးရှိစွာ အသုံးပြုပြီး ဓာတ်အားထုတ်မယ်။ အိမ်နီးချင်း နိုင်ငံတွေကိုလည်း ဓာတ်အားတွေ ဝေမျှမယ်။ အဲလို ရည်ရွယ်ချက် ကြီးကြီးမားမားနှင့် စနစ်တကျ စီမံခန့်ခွဲခဲ့မှုကြောင့် လက်ရှိအချိန်မှာ အီသီယိုးပီးယားနိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်နေပါပြီ။

ယခင် ကမ္ဘာက စိတ်ဝင်စားလောက်အောင် တိုင်းပြည်ဆင်းရဲခဲ့တဲ့ အီသီယိုးပီး ယားနိုင်ငံဟာ အခုဆိုရင် ကမ္ဘာက စိတ်ဝင်စားလောက်အောင် စီးပွားရေးတိုးတက်မှုတွေ မြှင့်မားနေပြီ ဖြစ်ပါတယ်။ အခြေခံ အဆောက်အအုံတွေ အဆင့်မြှင့် လမ်း၊ တံတားတွေ၊ ရထားနှင့် လေယာဉ်တွေပါ များပြားနေပြီဖြစ်ပါတယ်။

ရာသီဥတုဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ နိုင်ငံ၊ စားစရာမရှိလို့ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့နိုင်ငံ၊ ကမ္ဘာ မှာ ဆင်းရဲဆုံးနိုင်ငံ၊ ဆန္ဒပြပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး အရေးပေါ်အခြေအနေကိုတောင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း အထိ ကြေငြာခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံဟာ မကြာမီကာလမှာ အိမ်နီးချင်းနိုင်ငံတွေမှာပါ လျှပ်စစ်ဓာတ်အားကို ရောင်းချပြီး တိုင်းပြည်ဝင်ငွေတွေ ဖြစ်ထွန်းတော့မှာဖြစ်ပါတယ်။

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရရှိနေခြင်းကြောင့် တိုင်းပြည်ရဲ့ ဘဏ္ဍာတွေ တိုးမြင့် စေသလို နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဝင်ငွေကိုလည်း တိုးပွားလာမှာဖြစ်ပါတယ်။

အီသီယိုးပီးယားနိုင်ငံဟာ အခုဆိုရင် နိုင်ငံအတွင်း ခေတ်နှင့်အညီ နေ့စဉ် တိုးတက်ပြောင်းလဲမှုတွေမြင် တွေ့နေရပြီဖြစ်ပါတယ်။

နိုင်ငံတိုးတက်ဖို့ရန်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ အချိန်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ နည်းလမ်းမျိုးစုံတဲ့က ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံးနှင့် မိမိနိုင်ငံအတွင်းရှိ သယံဇာတကိုလည်း အလဟတမဖြစ်စေတဲ့ နည်းလမ်း ကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ မိမိနိုင်ငံမှာပေါကြွယ်ဝတဲ့ ရေသယံဇာတတွေကိုအသုံးမပြုဘဲ အခြားသော ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး ထုတ်လုပ် ခဲ့မယ်ဆိုရင် အရင်းအနှီးစိုက်ထုတ်ရမယ့် အခြေအနအတွက် အခက်တွေ့မှာပါ။

ဒီနေ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို သိတဲ့ နိုင်ငံ တိုင်းက လျှပ်စစ်ရရှိဖို့ နည်းလမ်းမျိုးစုံနှင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲလို ဆောင်ရွက်ကြတဲ့နေရာမှာလည်း မိမိနိုင်ငံအတွင်းမှာရှိတဲ့ ရှိရင်း သယံဇာတအရင်းအမြစ်တွေကို အသုံးပြုရေးကို ဦးစားပေးလာကြတာဖြစ်ပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံးဖြစ်ခြင်းနှင့် အရင်းအနှီးကို စိုက်ထူစရာမလိုအပ်တဲ့ လျှပ်စစ်ထုတ်တဲ့ နည်းလမ်းဟာ ရေအားလျှပ်စစ် စွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပါတယ်။

အခုအချိန် ဒီနေ့ခေတ်ကာလဟာ မြစ်ချောင်းတွေရဲ့ ကြမ်းတမ်းတဲ့ ရေစီးရေလာကို ထိန်းပြီး သဘာဝ အန္တရာယ်ကို ကာကွယ်ဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ စိုက်ပျိုးရေးနှင့် သောက်သုံးရေ ဖူလုံဖို့ လျှပ်စစ်ကို ဈေးသက်သက်သာသာနဲ့ လုံလောက်အောင်ရရှစေဖို့၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေ စခန်းတွေ ဖြစ်ထွန်းလာစေဖို့ လုပ်ဆောင်ရမယ့် အချိန် ကာလရောက်ပြီဆိုတာကို သတိချပ် စေချင်ပါတယ်။

အပိုင်း (၃) ဇာတ်သိမ်းပိုင်းကို ဆက်ရေးပါအုံးမည်။
ဗိုလ်ကျ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။