Trending Now

မြောက်ကိုရီးယားက ရေအောက်နျူကလီးယားတိုက်ခိုက်ရေးဒရုန်း လက်နက်သစ်ကို စမ်းသပ်ပစ်ခတ်

Spread the love

မြောက်ကိုရီးယားက ရေအောက်နျူကလီးယားတိုက်ခိုက်ရေးဒရုန်း လက်နက်သစ်ကို စမ်းသပ်ပစ်ခတ်

EPN
နိုင်ငံတကာ၊ မတ် ၂၄

မြောက်ကိုရီးယားနိုင်ငံက ရန်သူ့စစ်သင်္ဘောတွေနဲ့ ဆိပ်ကမ်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ ရေဒီယိုသတ္တိကြွ ဆူနာမီလှိင်းလုံးတွေထွက်ပေါ်လာအောင် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ ရေအောက်နျူကလီးယားဒရုန်း တစ် စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အစိုးရမီဒီယာ KCNA က သောကြာနေ့ကကြေညာလိုက်ပါတယ်။

မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ စစ်ရေးလေ့ကျင့်မှုတွေဆောင်ရွက်နေစဉ်အတွင်း ဧရာမဖျက်အား ပြင်းလှိင်းလုံးတွေဖြစ်ပေါ်လာအောင် မြောက်ကိုရီးယား တပ်မတော်က အဲဒီလက်နက်သစ်ကို စမ်းသပ်ပစ်ခတ်ခဲ့ တာဖြစ်ကြောင်း KCNA က ပြောပါတယ်။

“ဒီနျူကလီးယားရေအောက်တိုက်ခိုက်ရေးဒရုန်းကို ဘယ်ကမ်းရိုးတန်း၊ ဘယ်ဆိပ်ကမ်းမှာမဆို တပ်ဖြန့်ချထား နိုင်သလို စစ်ဆင်ရေးအတွက် စစ်သင်္ဘောတစ်စီးနဲ့လည်း ဆွဲယူသွားနိုင်ပါတယ်။” လို KCNA က ပြောပါတယ်။

အဲဒီလျှိဝှက်လက်နက်ကို တောင်ပိုင်းဟန်ယွန်ပြည်နယ်အပိုင် ပင်လယ်ပြင်မှာ မတ်လ ၂၁ ရက်နေ့က တပ်ဖြန့် ချထားခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

နျူကလီးယားစစ်ပွဲ အမှန်တကယ်ဖြစ်ပွားလာနိုင်တယ်ဆိုတာ ရန်သူကို သတိပေးဖိုနဲ့ ကိုယ့်နိုင်ငံကိုယ် ကာ ကွယ်နိုင်ရေး အားထားလောက်တဲ့နျူကလီးယားလက်နက်ရှိတယ်ဆိုတာကို အတည်ပြုနိုင်ဖိုအတွက် မြောက် ကိုရီးယားနိုင်ငံ အလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင်က ဒီစစ်ဆင်ရေးကို ကွပ်ကွဲခဲ့တာဖြစ်ပါတယ်။

ဒီလက်နက်သစ် ဟာ မြောက်ကိုရီးယားနိုင်ငံက အကန့်အသတ်မဲ့နျူကလီးယားလက်နက်စွမ်းရည်တွေကို အရှိန် မြှင့်ထုတ်လုပ်နိုင်တယ်ဆိုတာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတွေသိရှိစေနိုင်ဖိုအတွက် သ တိပေးချက်တစ်ရပ်အဖြစ် တာဝန်ထမ်းဆောင်သွားတာဖြစ်တယ်လို ဒီစစ်ရေးလေ့ကျင့်မှုကို လမ်းညွှန်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။

“အမေရိကန်နယ်ချဲ့တွေနဲ့ တောင်ကိုရီးယားရုပ်သေးအစိုးရတိုဟာ သူတိုရဲ့ရွေးချယ်မှုအတွက် မြောက်ကိုရီး ယားနိုင်ငံရဲ့ အင်အားကောင်းလှတဲ့ ကာကွယ်ရေးစမ်းသပ်မှုကတစ်ဆင့် မျှော်လင့်ချက်ကင်းမဲ့တဲ့ အခြေအနေ တွေကို ရင်ဆိုင်ရအောင် လုပ်ဆောင်သွားမယ်လို ခေါင်းဆောင်ကြီးကင်ဂျုံအန်က ပြောပါတယ်။” လို KCNA က ကြေညာသွားပါတယ်။

Ref: North Korea Tests New Underwater Nuclear Attack ‘Drone’: KCNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။