Trending Now

” တ ရား သူ ကြီး တွေ ကျမ်း ကြိမ် မှာ ထက် “

Spread the love

” တ ရား သူ ကြီး တွေ ကျမ်း ကြိမ် မှာ ထက် ”
(​ဆောင်း ပါး)
ကျမ်း လည်း ကြိမ် မ တ ရား ဘူး လို့ ထင် ပေါ် တဲ့ အ မှု တွေ ကို လည်း ထင် ထင် ရှား ရှား ထောက် ပြ ခွင့် ပေး ပြီး ဆုံး ဖြတ် ချက် ပေး တဲ့ တ ရား သူ ကြီး ကို သက် ရောက် စေ မယ် ဆို ပို ကောင်း မယ် ထင် တယ် ။
သ ဘော က တ ရား သူ ကြီး ချ လိုက် တဲ့ အ မိန့် က အ မှန် တ ကယ်
လက် တွေ့ နဲ့ လုံး ဝ ဆီ လျှော် မှု မ ရှိ ဘူး ဆို ရင် ဝေ ဖန် ပြော ဆို ခွင့် လွတ် လွတ် လပ် လပ် ပေး ပြီး အဲ့ ဒီ အ မှု ကို အ မိန့် ချ တဲ့ တ ရား သူ ကြီး မ တ ရား ကြောင်း ထင် ထင် ရှား ရှား ပြော ခွင့် ရှိ ရ မယ် ။ လို အပ် ရင် သက် ဆိုင် ရာ က အ ရေး ယူ သင့် ရင် ယူ ရ မယ် ။
အ ခု လည်း မ လုပ် ဘူး လား ဆို တော့ လုပ် တော့ လုပ် ပါ တယ် တ ရား ဝင် လို တော့ မ ဟုတ် ဘူး ။ ဝေ ဖန် တဲ့ သူ က အ ခန့် မ သင့် ရင် တ ရား ရုံး ကို မ ထေ မဲ့ မြင် ပြု တယ် ဆို တဲ့ ပုဒ် မ နဲ့ တ ရား စွဲ ခံ ရ နိုင် တယ် ။
တ ရား ရုံး က အ မိန့် ချ မှတ် လိုက် တာ ကို မ ကျေ နပ် လို့ Facebook ပေါ် တင် လိုက် တာ တို့ သ တင်း မီ ဒီ ယာ တွေ ပေါ် မှာ ပြော လိုက် တာ တို့ က အ ချိန် မ ရွေး တ ရား ရုံး မ ထေ မဲ့ မြင် မှု နဲ့ တ ရား စွဲ လို့ ရ တယ် ။ မ ကျေ နပ် ရင် အ ထက် ရုံး တက် ဆို တာ အ လွန် ဆုံး ပဲ ။
အား လုံး သိ ကြ တဲ့ အ မှု တစ် ချို့ နဲ့ ပ မာ ပြ ပါ မယ် ။
ဟာ သ သ ရုပ် ဆောင် အောင် ရဲ ထွေး ကိ စ္စ ဆို ရင် ဆုံး ဖြတ် ရ ခက် စေ တယ် ။
သေ တဲ့ သူ က သေ သွား ပြီ ။ သေ စေ အောင် ဖြစ် ခဲ့ စေ တဲ့ ကိ စ္စ ကို လုပ် ခဲ့ သူ တွေ က သေ စေ လို တဲ့ ဆ န္ဒ တော့ မ ပါ ဘူး ။ နောက် ရန် ညိုး ရန် စ ကြောင့် ကြို တင် ကြံ စည် ခဲ့ တာ လည်း မ ဟုတ် ဘူး ။ ဘာ သာ တူ တွေ ဖြစ် နေ တော့ သက် ဆိုင် ရာ ဘာ သာ ရေး ဆ ရာ တွေ ကြား ဝင် ညှိ ပေး လိုက် ကြ လို့ ငွေ ကြေး လက် ခံ ပြီး အ မှု ကြေ အေး ပေး လိုက် တယ် ။
ဒါ ပေ မဲ့ လူ သေ မှု ဖြစ် နေ တော့ အ မှု ကြေ အေး လည်း သက် ဆိုင် ရာ က အ ပြစ် ပေး ရ မယ် ။ ဒါ ကို အ ပြစ် မ ပေး ပဲ လွှတ် ပေး လိုက် တော့ ရှုတ် ကုန် တာ ပေါ့ ။ ဒီ အ ထဲ မှာ လာဘ် ပေး လာဘ် ယူ တွေ ပါ လာ တော့ ပြ ဿ နာ ပို ကြီး သွား တယ် ။
အ ခု ဦး ကို နီ ကိ စ္စ မှာ လည်း သေ ဒဏ် ကျ တဲ့ သူ ကျ အ ပြစ် နည်း ပါ တယ် လို့ ဖြစ် တဲ့ သူ ဖြစ် ဆို ပြီး အ သံ တွေ ထွက် လာ ပြန် တယ် ။ ဒါ လည်း အ ပြင် မှာ အား လုံး နီး ပါး က မ မျှ တ ဘူး လို့ ပြော လို့ အ ခု လို ငြိမ် နေ တာ ။ တစ် ယောက် နှစ် ယောက် လောက် က ပဲ Facebook ပေါ် ရေး တင် လိုက် ရင် အဲ့ ဒီ ရေး တင် တဲ့ သူ ၆၆ဃ ကော တ ရား ရုံး မ ထေ မဲ့ မြင် မှု ကော နဲ့ တ ရား စွဲ ခံ ရ နိုင် တယ် ။
သ ဘော က အ ခု ဦး ကို နီ ကိ စ္စ ကို ပြောင်း ပြန် အ ဖွဲ့ အ စည်း က ဖြစ် ခဲ့ ရင် ဒါ မှ မ ဟုတ် မ မျှ တ ဘူး လို့ သိ ပေ မယ့် ပြော မယ့် သူ က ကျယ် ကျယ် ပြန့် ပြန့် ရှိ ခဲ့ မှာ မ ဟုတ် ဘူး ဆို ရင် ။ ဒါ ဆို ကွက် ကွက် က လေး ပြော တဲ့ သူ ကို တ ရား ရုံး မ ထေ မဲ့ မြင် လုပ် မှု နဲ့ တ ရား စွဲ မှာ ပဲ လို့ တွေး လို့ ရ တယ် ။
ဒီ လို ပဲ တစ် လော က စ င်္ကာ ပူ က လင် မ ယား နှစ် ယောက် မြန် မာ ငွေ စ က္ကူ အ တု တွေ နဲ့ ဖမ်း မိ တာ ကို တ ရား သူ ကြီး က ပြတ် ပြတ် သား သား လွှတ် ပေး လိုက် တယ် ။ အဲ့ ဒီ လို ပဲ စ င်္ကာ ပူ က ငွေ စ က္ကူ အ တု ဖမ်း မိ တဲ့ မြန် မာ မိန်း ခ လေး အ မှု ကို အ ကြာ ကြီး ရင် ဆိုင် နေ ခဲ့ ရ တယ် ။
အဲ့ ဒီ အိမ် ဖော် မိန်း ခ လေး ကို စ င်္ကာ ပူ အ လုပ် ရှင် က စ င်္ကာ ပူ က နေ သေ သေ ချာ ချာ ထောက် ခံ ပေး တာ တောင် မြန် မာ တ ရား ရေး က ခွင့် မ လွှတ် ဘူး ။ စ င်္ကာ ပူ ဇ နီး မောင် နှံ ရင် ဆိုင် ခဲ့ ရ တဲ့ တ ရား သူ ကြီး အ သုံး ပြု တဲ့ ဥ ပ ဒေ စာ အုပ် နဲ့ မြန် မာ အိမ် ဖော် မ လေး ရင် ဆိုင် ခဲ့ ရ တဲ့ တ ရား သူ ကြီး အ သုံး ပြု တဲ့ ဥ ပ ဒေ စာ အုပ် မ တူ လို့ လား ။
ဒါ တ ရား သူ ကြီး ရဲ့ ဆင် ခြင် တုံ့ တ ရား ပဲ လို့ ပြော ရင် တ ရား သူ ကြီး ဆင် ခြင် တုံ့ တ ရား နည်း လို့ နစ် နာ သွား ရ တဲ့ ပြည် သူ တွေ အ တွက် ဘာ ပြန် ပြီး လျော် ကြေး ပေး မှာ ပါ လဲ ။
နိုင် ငံ တော် တော် များ များ မှာ တ ရား သူ ကြီး မှား ယွင်း ပြီး ပြစ် ဒဏ် ချ မှတ် လိုက် ခြင်း ခံ ရ တဲ့ သူ တွေ အ တွက် ပေး လျော် တဲ့ ကိ စ္စ တွေ ရှိ ပါ တယ် ။
ဒီ လို ပဲ ကြော် ငြာ ဓာတ် ပုံ အ သုံး ပြု မှု နဲ့ ပတ် သက် တဲ့ အ မှု တစ် ခု မှာ လည်း အ မှု ဖြစ် နေ စဉ် အ တွင်း ဓာတ် ပုံ ကို အ သုံး မ ပြု ဖို့ တ ရား ရုံး က ယာ ယီ တား ဝ ရမ်း ထုတ် ပေး ထား တယ် ။ တ ရား သူ ကြီး နောက် တစ် ယောက် ပြောင်း သွား တယ် ။
ကြော် ငြာ ကု မ္ပ ဏီ က အ မှု ဖြစ် ဓာတ် ပုံ ကို တ ရား ရုံး အ မိန့် မ နာ ခံ ပဲ ကြော် ငြာ တယ် ။ ဒါ ကို တစ် ဖက် က ကြော်​ ငြာ ထား တဲ့ ပုံ ပါ တဲ့ ဂျာ နယ် တွေ ၊ မ ဂ္ဂ ဇင်း တွေ ပြ ပြီး ကန့် ကွက် တယ် ။ နောက် အ သစ် ရောက် လာ တဲ့ တ ရား သူ ကြီး က သက် သေ မ ခိုင် လုံ ဘူး ဆို ပြီး ပယ် ချ တယ် ။
ဓာတ် ပုံ နဲ့ တ ကွ တင် ပြ တဲ့ သက် သေ ကို မ ခိုင် လုံ ဘူး ဆို တော့ ဘယ် လို ပြန် ဖြေ ရှင်း လို့ ရ တော့ မှာ လဲ ။
သက် သေ မ ခိုင် လုံ ဘူး ဆို တဲ့ အ မှု တော် တော် များ များ ကို လေ့ လာ ကြည့် တဲ့ အ ခါ တ ရား သူ ကြီး တွေ အ တွက် ထွက် ပေါက် တစ် ခု လို ဖြစ် နေ တာ ကို သ တိ ထား မိ တယ် ။
နောက် တစ် ခု က မြန် မာ့ တ ရား ရေး မှာ ရဲ ရဲ လိမ် ရဲ ရင် အ နိုင် ရ တာ များ တာ ကို လေ့ လာ မိ တယ် ။ တစ် ချို့ နံ မည် ကြီး ရှေ့ နေ တွေ လိမ် တာ အား လုံး သိ ကြ ပေ မယ့် ဘယ် လို မှ အ ရေး ယူ လို့ မ ရ ဘူး ဖြစ် နေ တယ် ။ ဒါ က ကြုံ လို့ ရေး ပြ တာ ပါ ။
အဲ့ တော့ ဖြစ် သင့် တာ က ကျမ်း ကိုင် ပြီး ကြိမ် နေ တဲ့ အ ကျိုး ဆောင် နဲ့ သက် သေ တွေ ကို စစ် နေ ကြ တဲ့ တ ရား သူ ကြီး တွေ ကို ကျမ်း ကြိမ် ခိုင်း တာ ထက် စာ ရင် လက် ရှိ ဘ ဝ မှာ ကို ပဲ ထိ ထိ ရောက် ရောက် ဖြစ် စေ တာ ပို သင့် လျှော် လိမ့် မယ် ထင် တယ် ။
သ ဘော က ဒီ တ ရား သူ ကြီး က ဒီ လို ပြော ပြီး အ မိန့် ချ တယ် သင့် လျှော် ပါ ရဲ့ လား လို့ သက် ဆိုင် ရာ တာ ဝန် ရှိ အာ ဏာ ပိုင် တွေ ပြန် Review မ လုပ် နိုင် ရင် ပြည် သူ တွေ ကို Debate လုပ် ခိုင်း ဆွေး နွေး ခိုင်း ပြီး ပြန် တည့် မတ် စေ တာ ပို ကောင်း မယ် ။
အ မှန် တော့ ဂျူ ရီ စ နစ် ထား တာ အ ကောင်း ဆုံး ပဲ ။ ဂျူ ရီ စ နစ် မ ဖြစ် နိုင် ဘူး ၊ အ ကောင် အ ထည် မ ဖော် နိုင် သေး ဘူး ဆို ရင် လည်း အ ခု လို ပြည် သူ တွေ ပြန် လည် သုံး သပ် ခွင့် ပေး တာ ကောင်း တယ် ။
ငွေ တု မိ တာ အ တူ တူ လွတ် တဲ့ လူ က လွတ် တယ် ၊ ပြ ဿ နာ ဖြစ် တဲ့ သူ က ဖြစ် တယ် ဆို ရင် မှန် တဲ့ သူ ကို ရာ ထူး တိုး ပေး လိုက် ရစ် တဲ့ သူ ကို အ ရေး ယူ လိုက် ။ အဲ့ ဒီ နှစ် ယောက် အ ခွင့် အ ရေး အ တူ တူ ဖြစ် နေ တာ ကြည့် မ ကောင်း ဘူး ။ ဒါ ဆို အ မှု တွေ လည်း သိပ် မ ကြာ တော့ ပဲ နေ လိမ့် မယ် ။
ပို ကောင်း တဲ့ နည်း တွေ ရှိ ပါ တယ် ။ လက် ခံ ကျင့် သုံး ကြ ဖို့ ပဲ လို တာ ။
ဒီ ထက် ပို ကောင်း တာ တွေ ကို သိ တဲ့ နား လည် တဲ့ သူ တွေ လည်း ဆွေး နွေး ကြ ပေါ့ ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၁၇ ၊ ၂ ၊ ၂၀၁၉


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။