Trending Now

အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ နိုင်ဂျီးရီးယား သံအမတ်တွေကို နိုင်ဂျာစစ်အစိုးရက နိုင်ငံတွင်းကနှင်ထုတ်

Spread the love

အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ နိုင်ဂျီးရီးယား သံအမတ်တွေကို နိုင်ဂျာစစ်အစိုးရက နိုင်ငံတွင်းကနှင်ထုတ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၆

အာဏာသိမ်းနိုင်ဂျာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကဖိတ်ကြားတာကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အ တွက် ပြင်သစ်သံအမတ်ကြီးကို နိုင်ငံတွင်းက ၄၈ နာရီအတွင်း ထွက်ခွာသွားဖို့ သောကြာနေ့က အမိန့်ပေးခဲ့ ပါတယ်။

နိုင်ဂျာအစိုးရဟာ အမေရိကန်သံအမတ်၊ ဂျာမန်သံအမတ်နဲ့ နိုင်ဂျီးရီးယားသံအမတ်တို့ကိုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ဖိတ်ကြားမှုကို လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် နိုင်ငံတွင်းက ၄၈ နာရီအတွင်း ထွက်ခွာသွား ဖို့ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် ၊ ပြင်သစ်၊ ဂျာမနီနဲ့ နိုင်ဂျီးရီးယား သံအမတ်ကြီးတွေဟာ နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာနက အစည်း အဝေးတက်ရောက်ဖို့ ဖိတ်ကြားတာကို မလာရောက်တဲ့အပြင် နိုင်ဂျာနိုင်ငံရဲ့ အကျိုးစီးပွားကို ပျက်စီးအောင် လုပ်ဆောင်တဲ့အတွက် နှင်ထုတ်ရတာဖြစ်တယ်လို့ နိုင်ဂျာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြင်သစ်နိုင်ငံကတော့ နိုင်ဂျာအာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုဘူးလို့ ပြောဆိုရင်း နိုင်ဂျာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို လက်မခံဘူးလို့ ပြန်လည်တုံ့ပြန်ပါတယ်။

နိုင်ဂျာနိုင်ငံဟာ ၁၉၆၀ ပြည့်နှစ်မှာ ပြင်သစ်ထံက လွတ်လပ်ရေးရရှိခဲ့တဲ့နိုင်ငံဖြစ်ပြီး ဆာဟဲဒေသမှာ အယ်ကွေဒါ နဲ့ အစ္စလာမ်မစ်နိုင်ငံတော်ခေါ် အကြမ်းဖက်အုပ်စုတွေကို အနောက်နိုင်ငံတွေက ချေမှုန်းတိုက်ခိုက်ရာမှာ နိုင်ဂျာ နိုင်ငံဟာ အဓိက မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နိုင်ဂျာနိုင်ငံမှာ အခုလိုစစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ရုရှားသြဇာလွှမ်းမိုးမှု ဝင်ရောက်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေပါတယ်။

နိုင်ဂျာနိုင်ငံမှာ အစ္စလာမ်မစ်စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့အတွက် စစ်သင်တန်းတွေလေ့ကျင့်သင်ကြားပေးပြီး ပူးပေါင်းစစ်ဆင်ရေးတွေဆောင်ရွက်နေတဲ့ ပြင်သစ်နဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၅၀၀ ဝန်းကျင်ရှိပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး အဲဒီလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို ရပ်တန့်ထားလိုက်ပါတယ်။

Ref: Niger junta gives French envoy 48 hours to leave


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။