Trending Now

တရုတ်နိုင်ငံမှတစ်ဆင့် ပြည်တော်ပြန် မြန်မာနိုင်ငံသား ၈၉ ဦးကွမ်းလုံမြို့ သို့ရောက်ရှိနေ

Spread the love

တရုတ်နိုင်ငံမှတစ်ဆင့် ပြည်တော်ပြန် မြန်မာနိုင်ငံသား ၈၉ ဦးကွမ်းလုံမြို့ သို့ရောက်ရှိနေ

EPN
ကွမ်းလုံ၊ ဧပြီ ၁၂

တရုတ်နိုင်ငံမှတစ်ဆင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွမ်းလုံမြို့နယ်သို့မြန်မာနိုင်ငံသား ၈၉ ဦးပြန်လည်ဝင်ရောက်ခဲ့ကြောင်း ကွမ်းလုံဒေသခံဦးကျော်ဇောကပြောသည်။

“၉ ရက်နေ့ ညနေက ရောက်တာပေါ့။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာသူတို့ကို ထားထားတယ်။ သူတို့ကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခု၊ အဝတ်အစားထုတ်လေးတွေတော့ပါတာပေါ့။ ဒီကတော့ စောင်၊ ခြင်ထောင်၊ ခေါင်းဦး၊ အိပ်ယာ လှူကြတာပေါ့။ တပ်ပါတယ်။ တပ်ကလဲ လှူတယ်။ ကြက်ခြေနီကလဲ စောင်လှူတယ်။ အရပ်ဖက်ကလဲ စားစရာတွေ အသုံးအဆောင်ပစ္စည်းတွေ လှူတယ်။ ကိုရီးယားနယ်စပ်အနီးရှိရှန်တုန်မြို့က မြန်မာ-တရုတ် ချင်းရွှေဟော်နယ်စပ်ပေါက်ရောက်အောင် ၃ည ၊ ၄ ရက်လောက်လာခဲ့ရတာ။ ငါးတွေကို ရေခဲရိုက်တဲ့စက်ရုံမှာ လုပ်တယ်လို့ ပြောတယ်။ သူတို့က ရမည်းသင်း၊ မိတ္ထီလာ၊ ရပ်စောက်၊ တောင်ကြီး၊ နောင်ချို စတဲ့ဒေသတွေက ရှမ်းတွေရော၊ တရုတ်စပ်တွေရော လူမျိုးစုံ။ ကြံခုတ်လုပ်သားတွေ မဟုတ်တော့ဘူး။”ဟု ၎င်းကပြောသည်။

အဆိုပါပြန်လည်ရောက်ရှိနေသူများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် အသွားအလာကန့်သတ်ကာ သတ်မှတ်နေရာများ၌ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantin) ကို ၂၁ ရက် သတ်မှတ်ထားရှိမည်ဖြစ်ပြီး ၎င်းတို့အနက်၅ ဦး၏သွေးကို ပဏာမ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကွမ်းလုံမှာ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး၂၃ ဦး ရှိတယ်။၂၁ ရက်နဲ့သွားတိုးတာပေါ့။ စားရေးသောက်ရေးကအစ မြို့နယ်က ဟိုလူ၊ သည်လူ ခံကြရတာပေါ့။ မလွယ်ဘူးလေ။ တစ်နေ့ ၂သိန်း၊ ၃သိန်း လောက်ကုန်တဲ့ အလုပ်ကြီး။ နိုင်ငံတော်ကလဲ မတက်နိုင်ဘူးလေ။ သူ့ဟာသာ ဖျားသွားမယ်လို့သာပြောတာ။ ဆေးစစ်ချက် နမူနာပို့တာကို ကွမ်းလုံကနေ ရန်ကုန်ထိ။ အပြင်ကားတွေကလဲမရှိဘူးလေ။ သွားရင် တစ်ခေါက်၊ တစ်ခေါက် ၃သိန်း၊ ၄သိန်း ကုန်တယ်။ ဘယ်နိုင်ငံတော် ပေးနိုင်တော့မလဲ။ သူကသာ ဖျားသွားမယ်ပြောတာ။” ဦးကျော်ဇောက ပြောသည်။

ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း ရုံးချုပ်၊ ရှမ်း/မြောက် ကြက်ခြေနီကြီးကြပ်မှုကော်မတီ လားရှိုး၊ ခရိုင်ကြက်ခြေနီအသင်း လားရှိူး၊ တို့မှပေးပို့လာသော အမျိုးသား/အမျိုးသမီး တစ်ကိုယ်ရေသုံးပစ္စည်းများကို မြို့နယ်အ သင်းခွဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ရောက်ရှိလာသူ ၈၉ ဦးတို့ကိုပေးအပ်ကူညီ ထောက်ပံ့ခဲ့ကြောင်း၊ ထို့ပြင် ကွမ်းလုံ မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များသည် နေ့တာဝန် ညတာဝန်များ ခွဲခြားသတ်မှတ်ပြီး ပြန်လည်ရောက်ရှိလာသူများ၏ လိုအပ်ချက်နှင့် ကျန်းမာရေးကူညီမှုများ ကို သတ်မှတ်ကာလ ၂၁ ရက်ပြည့်သည်အထိ ဆက်လက်ကူညီကြမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့တွင်လည်း တရုတ်နိုင်ငံမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၀၃ ဦးရှိကြောင်း သိရသည်။

ကိုနေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။