Trending Now

ဗန်းမောက်မြို့တွင် Mytel တာဝါတိုင် ဆွဲမိုင်းဖြင့် ဖေါက်ခွဲဖျက်ဆီးခံရ

Spread the love

ဗန်းမောက်မြို့တွင် Mytel တာဝါတိုင် ဆွဲမိုင်းဖြင့် ဖေါက်ခွဲဖျက်ဆီးခံရ

EPN
ဗန်းမောက်၊ ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့ လွှစင်ကုန်းရပ်ကွက် အနောက်ဘက် လယ်ကွင်းအတွင်းတွင် စိုက်ထူထားသော Mytel တာဝါတိုင်၌ ယမန်‌နေ့ နံနက်ပိုင်း ၆နာရီ၂၀မိနစ် အချိန်ခန့်က ဆွဲမိုင်းတစ်လုံးဖြင့်ဖေါက်ခွဲ ဖျက်ဆီးခံရကြောင်း သိရသည်။

အဆိုပါ Mytel တာဝါတိုင်အား ကြိုးဆွဲမိုင်းဖြင့် ဖေါက်ခွဲခံရမူကြောင့် ဆက်သွယ်ရေး အင်ဂျင် အနည်းငယ်တိမ်းစောင်းသွားခဲ့ပြီး ဆီများလွှင့်စင်ဖိတ်ကျပြန့်ကျဲခြင်း၊ မီတာအဖုံးအနည်းငယ်လှန်ခြင်းနှင့် စက်ပစ္စည်းများအား မိုးထားသော သွပ်များ အနည်းငယ်လှန်ကာပျက်စီးဆုံးရူံးသွားခဲ့ကြောင်း ဆက်သွယ်ရေးတာဝန်ခံတစ်ဦးထံမှ သိရသည်။

“မနေ့က မနက် ၆ နာရီ၂၀လောက်က ပေါက်ကွဲမူဖြစ်တာပါ၊ ပေါက်ကွဲသံက အတော်ကျယ်လောင်ပါတယ်၊ ဖြစ်ပြီးတော့ မကြာဘူး ရဲတွေလာစစ်ဆေးသွားပါတယ်၊ ဖေါက်ခွဲတဲ့သူက အကာအရံကို ဖြဲဝင်ထောင်ပြီးတော့ ကိုက် ၂၀၀လောက်ကနေ နှစ်ပင်လိမ်ကြိုးနဲ့ဆွဲလို့ ဖေါက်ခွဲတာဖြစ်နိုင်ပါတယ်၊ ရဲတွေက ကြိုးကိုတော့ သိမ်းဆည်းသွားပါတယ်၊ အပျက်အစီးတော့ အနည်းငယ်ရှိသွားတာပေါ့လေ၊ ဖုန်းလိုင်းကတော့ အခုချိန်ထိတော့ရနေပါသေးတယ်ဗျ”ဟု ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးကပြောသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလကလည်း ဗန်းမောက်မြို့မြောက်ပိုင်း မံထုံဒေသစိတ် မဲတောကျေးရွာအနီးရှိ Mytel တာဝါတိုင်အတွင်းမှ ဓါတ်အားပေး ဆိုလားပြား ၅ချပ်ကျောက်ခဲကြီးများဖြင့် ထုပစ်ခံရခြင်း၊ ၂၀၂၁ခုနှစ်ဒီဇင်ဘာ ၃ရက် ည၈နာရီခွဲကလည်း တောင်ဘက်ပိုင်းနားမော်ကျေးရွာအနီးနှင့် စီးမော်ကျေးရွာအနီးရှိ မိုင်တဲလ်တိုင် ဖေါက်ခွဲခံရခြင်းနှင့် မြို့ပေါ်ရှိစည်ပင်ရုံးရှေ့တွင်ယခုနှစ် မတ်လ ၁၇ ရက် ည ၁နာရီခွဲအချိန်၊ ယခုနှစ်မတ်လ၂၁ရက် ည၂နာရီ၁၅မိနစ်အချိန်တွင် မြို့နယ်လျှပ်စစ်ဝင်းရှေ့၊ မတ်လ၂၇ရက်နေ့ ည၈နာရီခွဲအချိန်တွင် မိုင်းပေါက်ကွဲမူများ ဖြစ်ပွားခဲ့သည်။

လိူင်ဘွား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။