Trending Now

အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အတွက် အမေရိကန်က ဗီတိုအာဏာ သုံးဖို့ ရှောင်ကြဉ်ခဲ့ပြီးနောက် ဝါရှင်တန်ခရီးစဉ်ကို အစ္စရေး ဖျက်သိမ်း

Spread the love

အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အတွက် အမေရိကန်က ဗီတိုအာဏာ သုံးဖို့ ရှောင်ကြဉ်ခဲ့ပြီးနောက် ဝါရှင်တန်ခရီးစဉ်ကို အစ္စရေး ဖျက်သိမ်း

EPN
နိုင်ငံတကာ၊ မတ် ၂၇

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး ဆောင်ရွက်ဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အတွက် အမေရိကန်က ဗီတိုအာဏာ သုံးဖို့ ရှောင်ကြဉ်ခဲ့ပြီးနောက် အစ္စရေးအစိုးရဟာ သူ့ရဲ့ ထိပ်တန်းအရာရှိတွေရဲ့ ဝါရှင်တန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

မွတ်စလင်တွေ အထွတ်အမြတ်ထားတဲ့ ရာမဒန်လအတွင်း အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ တောင်းဆိုထားတဲ့ အဲဒီဆုံးဖြတ်ချက်အတွက် မဲပေးမှုကို တနင်္လာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးမှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက Al-Shifa ဆေးရုံနဲ့ တောင်ပိုင်းက Al-Amal ဆေးရုံမှာ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ၂၄ နာရီအတွင်း လူ ၁၀၇ ဦး သေဆုံးခဲ့ပြီး ဒါနဲ့ဆိုရင် သေဆုံးသူစုစုပေါင်း ၃၂,၃၃၃ ဦး ရှိပြီ ဖြစ်တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်က မဲမပေးဘဲ နေခဲ့ပေမဲ့ ကျန်တဲ့ အဖွဲ့ဝင် ၁၄ နိုင်ငံကတော့ အဲဒီအဆိုပြုချက်ကို အတည်ပြုခဲ့ပါတယ်။

“ဓားစာခံလွတ်မြောက်ရေးအတွက် တောင်းဆိုထားခြင်း မရှိတဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်အတွက် အမေရိကန်က ဗီတိုအာဏာ မသုံးခဲ့တာဟာ ဝမ်းနည်းဖို့ ကောင်းပါတယ်” လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ကြေညာချက်တစ်စောင်မှာ ဆိုထားပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဝန်ကြီးချုပ် နေတန်ရာဟု က အစ္စရေးကိုယ်စားလှယ်အဖွဲ့ရဲ့ အမေရိကန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

Source; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။