Trending Now

မိုးညှင်းမြို့နှင့်မြို့ရှောင်လမ်းတလျောက် အန္တရာယ်ကင်းပရိတ်ရွတ်မည်

Spread the love

မိုးညှင်းမြို့နှင့်မြို့ရှောင်လမ်းတလျောက် အန္တရာယ်ကင်းပရိတ်ရွတ်မည်

EPN
မိုးညှင်း၊ မတ် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် သံဃာ့နာယကအဖွဲ့မှ ဦးစီး၍ မိုးညှင်းမြို့နှင့်ပတ်ဝန်းကျင် အန္တရာယ်ကင်းစေရန်အတွက် အန္တရာယ်ကင်းပရိတ်ရွတ်ပွဲကို မတ်လ (၂၂) ရက်နေ့ နံနက် (၇) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်မည့်နေရာများမှာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းထောင့် မီးပွိုင့်လမ်းဆုံ၊ Hotel Mohyin အနီးလမ်းဆုံ၊ မြသိန်းတန်ဘုရားလမ်းထောင့်နှင့် စိမ်းရတနာမွန်တောင်ရပ်ကွက် ထူးမြတ်ပညာ အထက်တန်းကျောင်းအနီးလမ်းဆုံ၊ စိမ်းရတနာမွန်တောင်ရပ်ကွက် ပေ(၆၀)လမ်းနှင့် ဗောဓိကုန်းလမ်းဆုံတို့တွင် မတ်လ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် တပြိုင်တည်း အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဆိုကြမည်ဖြစ်သည်။

ထို့အပြင် အန္တရာယ်ကင်းပရိတ်ရွတ်ခြင်းကို ဥတ္တရာရာမကျောင်းတိုက်မှစတင်၍ မိုးညှင်းမြို့လယ် သံတံတားအားဖြတ်၍ မြို့မစျေးထောင့်တွင် ခေတ္တရပ်နားရွတ်ဆိုပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း ဘီလူးမြို့ကျေးရွာသို့သွားသည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ စိုက်ပျိုးရေးသုတေသနခြံရှေ့ မြို့ရှောင်လမ်းမကြီးအတိုင်း ရွတ်ဆိုကာ နန့်ပုတ်ကျေးရွာအထိ ရွတ်ဖတ်ကြမည်ဖြစ်သည်။

အဆိုပါအန္တရာယ်ကင်းပရိတ်ရွတ်ဆိုပွဲအား ဝါဆို
ကျောင်းတိုက်၊ ကန်ဦးကျောင်းတိုက်၊ ဗုဒ္ဓပိကျောင်းတိုက်၊ နန့်ပုတ်ရွာမကျောင်းတိုက်၊ ကျုံးတောင်ကျောင်းတိုက်၊ အင်ကြင်းကုန်းကျောင်းတိုက်၊ စက်ကုန်းကျောင်းတိုက်၊ သာယာကုန်းကျောင်းတိုက်၊ ပညာရောင်ခြည်ပရိယတ္တိစာသင်တိုက်၊ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက်၊ ဗောဓိကုန်းကျောင်းတိုက်၊ ပစ္ဆိမာရုံအနောက်ရိပ်သာကျောင်းတိုက်၊ ထီးလင်းကျောင်းတိုက်၊ အောင်သပြေ(၃) ကျောင်းတိုက်၊ သိမ်အင်းကျောင်းတိုက်၊ သာသနာ့ရိပ်သာကျောင်းတိုက်၊ ဓမ္မဥယျာဉ်ကျောင်းတိုက်၊ ဥတ္တရာ ရာမကျောင်းတိုက်၊ ရွာသစ်ကုန်းကျောင်းတိုက်နှင့် မစိုးရိမ်ကျောင်းတိုက်တို့မှ ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဆို၍ ပရိတ်ရေများ ပက်ဖျန်းကြမည်ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။