Trending Now

တိုက်ပွဲဖြစ်နိုင်ခြေ ရှိသည့်အတွက် အင်းတော်ကြီးဒေသရှိ ရွှေမှော်အချို့‌ရပ်နားထားရ

Spread the love

တိုက်ပွဲဖြစ်နိုင်ခြေ ရှိသည့်အတွက် အင်းတော်ကြီးဒေသရှိ ရွှေမှော်အချို့‌ရပ်နားထားရ

EPN

မြစ်ကြီးနား၊ မေ ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသရှိ ရွှေမှော်အချို့မှာ တိုက်ပွဲဖြစ်နိုင်ခြေ ရှိသည့်အတွက် ရွှေတူးဖော်မှုများ ရပ်နားထားရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှ စတင်ပြီး စစ်ရေးတင်းမာမှုများ ရှိခဲ့ပြီး တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကာ မမုံကိုင်ကျေးရွာအနီးတွင် စက်ကြီးများဖြင့် ရွှေတူးဖော်နေကြသည့် စက်ဆိုင်းကြီးများ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” သူတို့ စက်ဆိုင်းတွေ ရပ်နားထားကြတာတော့ မေလ ၂၇ ရက်လောက်ကစပြီး အခုထိ ရွှေတူးတာ နားထားကြတယ်။ စစ်ရေးအခြေနေက မကောင်းတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြလို့ပေါ့။ တစ်ချို့ လက်လှမ်းဝေးတဲ့ ရွှေမှော်အသေးလေးတွေကတော့ အခုထိ ရွှေတူးနေကြတုန်းပဲ။ စစ်ရေးအခြေအနေ မကောင်းတော့ ဒေသခံတွေ အနေနဲ့လည်း တောင်ယာစိုက်ခင်းတွေကို သွားလာရတာ အဆင်မပြေတာတွေ ရှိတာပေါ့ ” ဟု ၎င်းကပြောသည်။

အင်းတော်ကြီးဒေသရှိ ပြည်သူအများစုမှာ တစ်ပိုင်တနိုင်ဖြင့် ရွှေတူးဖော်မှုများကို လုပ်ကိုင်သူများ ရှိနေကြပြီး အင်းတော်ကြီး အရှေ့၊ အနောက် တစ်လျှောက် လုံးတုံကျေးရွာ၊ မမုံကိုင်ကျေးရွာ၊ မိုင်းနောင်ကျေးရွာ အနီးရှိဒေသများတွင် စားဝတ်နေရေးအတွက် ရွှေများကို တူးဖော်လုပ်ကိုင်နေကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။