Trending Now

ဖားကန့်ဒေသ၌ COVID-19 စောင့်ကြည့်ထားရှိသူ (၉)ဦး၏ ဓါတ်ခွဲအဖြေ Negative ဖြစ်ကြောင်း အတည်ပြု

Spread the love

ဖားကန့်ဒေသ၌ COVID-19 စောင့်ကြည့်ထားရှိသူ (၉)ဦး၏ ဓါတ်ခွဲအဖြေ Negative ဖြစ်ကြောင်း အတည်ပြု 

EPN
ဖားကန့်၊ ဧပြီ ၂၅

ဖားကန့်ဒေသတွင် Case-82 နှင့် လေယာဉ်တစ်စီးတည်းစီးသူ အပါအဝင် စောင့်ကြည့် ထားရှိသူ စုစုပေါင်း (၉)ဦး၏ ကျန်းမာရေး ဓါတ်ခွဲစမ်းသပ်ချက် အဖြေအားလုံးမှာ Negative (ပိုးမတွေ့) ဖြစ်ကြောင်း ဖားကန့်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးဖုန်ဂရိန်က အတည်ပြုပြောဆိုသည်။

ယနေ့ ဧပြီလ (၂၅)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ သတင်းပေးပို့ချက်အရ အဆိုပါ စောင့်ကြည့် လူနာ (၉)ဦး၏ ကျန်းမာရေးဓါတ်ခွဲအဖြေအားလုံးမှာ Negative (ပိုးမတွေ့) အဖြေထွက်ရှိကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျန်းမာရေး ဓါတ်ခွဲစစ်ဆေးခဲ့သူများမှာ မော်ဝမ်းရပ်ကွက်ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် Facility Quarantine Centerမှ Case-82 နှင့် လေယာဉ်တစ်စီးတည်းစီးခဲ့သူ မ(၂)ဦး၊ မော်ဝမ်းရပ်ကွက်ရှိ အလင်းသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စောင့်ကြည့်ထားရှိသူ တရုတ်နယ်စပ်လွယ်ဂျယ်မြို့မှ ပြန်လာခဲ့သူ ကျား(၁)ဦး၊ မ(၁)ဦး မြို့မရပ်ကွက်ရှိ အထက(ဖားကန့်)တွင် စောင့်ကြည့်ထားရှိသူ တရုတ်နယ်စပ် လွယ်ဂျယ်မြို့မှ ပြန်လာသူ မ(၁)ဦး၊ လယ်ပြင်ကျေးရွာရှိ ဖန်ခါးဆောင် ဓမ္မာရုံတွင် စောင့်ကြည့်ထားရှိသူ တရုတ်နိုင်ငံ လွယ်ဂျယ်မြို့မှ ပြန်လာသူ ကျား(၂)ဦး၊ ရန်ကုန်မြို့မှ ပြန်လာသူ ကျား(၁)ဦး၊ သထုံမြို့မှ ပြန်လာသူ မ(၁)ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၉)ဦး၏ နှာခေါင်းနှင့် အာခေါင် တို့ဖတ်နမူနာများအား အမျိုးသားကျန်းမာရေးဌာန ရန်ကုန်သို့၊ဓါတ်ခွဲအတည်ပြုချက်ရယူခဲ့ရာ ယနေ့ဧပြီလ (၂၅) ရက်နေ့တွင် COVID-19 ရောဂါပိုး မတွေ့ရှ ှိ(Negative) အဖြေ ထွက်ပေါ် ခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။